နိုင်မင်းလွင်/ဧရာဝတီတိုင်းမ် မတ်လ ၂၄ ရက် မြန်မာ-ရုရှား နှစ်နိုင်ငံ​အကြား ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဆိုခြင်းသည် အာဏာသိမ်း စစ်ခေါင်းဆောင်ကိုရုရှားရှေ့နေချုပ်က မြန်မာပြည်လာပြီး ဓာတ်ဆီလာလောင်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ...
ဧရာဝတီတိုင်းမ် မတ်လ ၂၄ ရက် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းမပေါ်တွင် ယနေ့ နေ့လည်ပိုင်းက ဥပဒေအကြံပေးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း...
ဧရာဝတီတိုင်းမ် မတ်လ ၂၄ ရက် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီက ဖုန်းများကိုစစ်ဆေးခြင်းနဲ့ လူမှုကွန်ရက်(facebook)သုံးစွဲသူများကို စောင့်ကြည့်မှုများပြုလုပ်နေပြီး မတ်လ ၂၄ ရက်နေ့အထိ တစ်လအတွင်းမှာ...
သန်လျင် ၁၈ ကုန်းထိပ်ရှိ စစ်ကောင်စီတပ်ဂိတ်ပစ် ခတ်ခံရပြီး သန်လျင်မြို့တွင် အစစ်‌ဆေးကြမ်းနေ၊ တံတားနှစ်ဖက်လုံးပိတ်ဆို့ စစ်ဆေးနေ ဧရာဝတီတိုင်းမ် မတ်လ ၂၄ ရက် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ၁၈ ကုန်းထိပ်ရှိ စစ်ကောင်စီဂိတ် ပစ်ခတ်ခံရပြီး သန်လျင်မြို့တွင်း ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများ ၏ ပြောပြချက်အရ သိရှိရသည်။ ယနေ့ မတ်လ ၂၄ ရက် နေ့လည် ၁ နာရီခန့်က ၁၈ ကုန်းထိပ်ရှိ စစ်ကောင်စီလုံခြုံရေးဂိတ် ပစ်ခတ်ခံရပြီး နောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် မြို့တွင်းရှိ ရပ်ကွက်များနှင့် သန်လျင်တံတားကိုပါ ပိတ်ဆို့ထားကြောင်း သိရှိရသည်။ “ဖြစ်တာတော့ မိနစ်ပိုင်းကလေးပဲ။ လူတွေက ကြောက်လန့် တကြားလျှောက်ပြေးကြတော့လေ။ ထိမထိတော့ မသိရ သေးဘူး။ စစ်သားတွေကလည်း ရမ်းပြီးလျှောက်ပစ်တာ တရစပ်ပဲ။ ပစ်ပြီးတဲ့လူတွေက ပစ်ပြီးပြေးတာ ကြာပြီ။ သူတို့က မရပ်ဘဲ လျှောက်ပစ်တာ။ ခုလည်း ရပ်ကွက်တွေထဲ၊ လမ်းတွေထဲ ၀င်စစ်နေတယ်။ ပြီးတော့ဟုတ်ဟုတ် မဟုတ်ဟုတ် ၀င်ဖမ်းနေကြ ရပ် ကွက်ကိုလည်း ၀င်သောင်းကျန်းနေတယ်။ တံတားတွေလည်းပိတ်ထားတယ်။ ကားတွေလည်းမသွားရ ဘူး။ ကုလားဝဲတံတားလည်း ပိတ်ထားတယ်”ဟု သန်လျင်မြို့နယ်နေထိုင်သူ အမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။ လက်ရှိအချိန်ထိ လမ်းများပိတ်ဆို့စစ်ဆေးနေကြောင်းနှင့် လူငယ်များကို အဓိကထားစစ်ဆေးနေကြောင်း သိရှိရသည်။ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့မှပြုလုပ်သည်ကို မသိရှိရသေးဘဲ ထိခိုက်မှုအခြေအနေကိုလည်း အတည်ပြု၍ မရသေးပေ။ #သန်လျင် #စစ်ကောင်စီတပ် #စစ်ဆေးရေးဂိတ် #ပစ်ခတ်မှုဖြစ် #Ayeyarwaddy_Times

ဧရာဝတီတိုင်းမ် မတ်လ ၂၄ ရက် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ၁၈ ကုန်းထိပ်ရှိ စစ်ကောင်စီဂိတ် ပစ်ခတ်ခံရပြီး သန်လျင်မြို့တွင်း ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများ...
ဧရာဝတီတိုင်းမ် မတ်လ ၂၄ ရက် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်အတွင်းရှိ ဗဟိုအင်းစိန်အကျဉ်းထောင် အနောက်ဘက်အပေါက်ဝအနီးမှာ မတ်လ ၂၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့...
ဧရာ၀တီတိုင်းမ် မတ်လ ၂၄ ရက် ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာတွင် စစ်ကောင်စီ တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များသည့် ပြီးခဲ့သည့် မတ်လ ၂၁ ရက်နှင့်...
ဧရာဝတီတိုင်းမ် မတ်လ ၂၄ ရက် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ အမေရိကန် ကုန်းရေနှစ်သွယ်သုံး စစ်သင်္ဘောတစ်စင်း တောင်ကိုရီး ယားသို့ ဆိုက်ရောက်လာခဲ့စဉ် ခေါင်းဆောင်ကြီး ကင်ဂျုံအန်ရဲ့ လမ်းညွှန်မှုအရ...
ဧရာဝတီတိုင်းမ် မတ်လ ၂၄ ရက် ဘောလခဲခရိုင်၊ ကယား(ကရင်နီ)ပြည်နယ်၊ ၀မ်ဗလကျေးရွာအနီးရှိ သစ်လုပ်ငန်းလုပ်ကိုင်နေသည့် လုပ် ငန်းခွင်ကို ယမန်နေ့က စစ်ကောင်စီမှ လေယာဉ်များဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်...
ဧရာဝတီတိုင်းမ် (ရေး)၊ မတ်လ ၂၄ ရက် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာသစ်အနီးရှိ စစ်ကောင်စီ၏ အမှတ် (၆၁) ခြေလျင်တပ်ရင်း (ခလရ-၆၁) တပ်ရင်းဂိတ်မှစစ်ကောင်စီတပ်သည်...
ဧရာဝတီတိုင်းမ် မတ်လ ၂၄ ရက် မြန်မာစစ်အာဏာရှင်တွေကို ရုရှားနိုင်ငံက ကျောက်ထောက်နောက်ခံပြု လက်သင့်ခံနိုင်စရာမရှိဘဲ ပဋိ ပက္ခကို မီးလောင်ရာလေပင့်ဖို့ လက်နက်တွေ ထောက်ပံ့နေတာက တိုင်းပြည်အတွက်...