ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်
ဧပြီလ ၁ ရက်က မြန်မာအလုပ်သမားတွေ တင်ဆောင်ပြီး နယ်စပ်ကနေ အနောက်ပိုင်းရှိ ကန်ချ နဘူရီပြည်နယ်သို့ ဉီးတည်သွားရောက်နေတဲ့ လော်ရီကားတစ်စင်း တိမ်းမှောက်ခဲ့ရာ လူ ၁၄ ဦး ဒဏ်ရာရ ရှိခဲ့တယ်လို့ သိရပါတယ်။
လော်ရီကားရဲ့ ယာဉ်မောင်းဖြစ်သူဟာ သန်းခေါင်ယံအချိန်မှာ ဆောင်ခလာဘူရီခရိုင်ရှိ အမှတ် ၃၂၃ လမ်းမကြီးပေါ် မောင်းနှင်နေစဉ် တောင်ကုန်းတစ်ခုအဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ တာလို့ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ ဒုတိယရဲမှူးကြီး Decharit Pholkamol က ပြောပါတယ်။
လော်ရီကားဟာ တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူဟာ အခင်းဖြစ်ရာနေရာကနေ ထွက်ပြေး သွားခဲ့တယ်လို့ သိရပါတယ်။
လော်ရီကားဟာ တိမ်းမှောက်ချိန်မှာ မြန်မာနိုင်ငံသား ၂၉ ဦးကို တင်ဆောင်ခဲ့ပြီး မတော်တဆမှု ကြောင့် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ ၅ ဦးက ဒဏ်ရာပြင်းထန်ပါတယ်။
မြန်မာနိုင်ငံသားတွေဟာ တနင်္ဂနွေနေ့က နယ်စပ်ကိုဖြတ်ကျော်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်ခဲ့ ကြောင်း၊ ၎င်းတို့ကို အခြားယာဉ်တစ်စင်းက ထိုင်းနိုင်ငံအတွင်းပိုင်းရှိ နောက်ထပ်တစ်နေရာသို့ ပို့ဆောင် မှာဖြစ်ကြောင်း စစ်ဆေးမေးမြန်းချက်အရ သိရပါတယ်။
မြန်မာနိုင်ငံသားအားလုံးကို မြန်မာနိုင်ငံသို့ ပြန်ပို့မယ်လို့ ဒုတိယရဲမှူးကြီး Decharit Pholkamol က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာနိုင်ငံသားတွေ ပိုမို ထွက်ခွာမယ်လို့ မျှော်မှန်းရတာကြောင့် ထိုင်း နယ်စပ်လုံခြုံရေး အာဏာပိုင်တွေကို တပ်လှုန့်ထားပါ တယ်။
ကိုးကား – Bangkok Post
Ref; 14 Myanmar illegal workers injured as truck overturns