ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ မူဝါဒအချို့နဲ့ တောမီးလောင်ကျွမ်းမှုအပေါ် အစိုးရရဲ့ ကိုင်တွယ်ပုံကို မကျေနပ်လို့ ပြုလုပ်မယ့် ကျောင်းသားဆန္ဒပြပွဲတွေ မတိုင်မီ အောက်တိုဘာ ၂၈ ရက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ရာပေါင်းများစွာကို ဂျကာတာမြို့မှာ ဖြန့်ကြက်လိုက်ပါတယ်။
University of Indonesia မှ ကျောင်းသားတွေဟာ မြို့တော် ဂျကာတာမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ဆုမားတြားနဲ့ ဘော်နီယိုကျွန်းတွေမှာ လောင်ကျွမ်းနေတဲ့ တောမီးကို အမျိုးသားသဘာဝဘေးအန္တရာယ်အဖြစ် ကြေညာပေးဖို့နဲ့ ပရာဘိုဝိုရဲ့ အခမဲ့ အစားအသောက် အစီအစဉ်လို လူကြိုက်များအောင် လုပ်ဆောင်တဲ့ အသုံးစရိတ်တွေကို ရပ်တန့်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုထားပါတယ်။
ဒီဆန္ဒပြပွဲမှာ ကျောင်းသားအရေအတွက် ဘယ်လောက်အထိ ပါဝင်မလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဂျကာတာမြို့လယ် စည်ကားရာနေရာတွေမှာ ရဲနဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေ အများအပြား ဖြန့်ကြက်ထားသလို သံချပ်ကာယာဉ်တွေကိုပါ မြင်တွေ့ရပါတယ်။

ဒီဆန္ဒပြပွဲတွေမတိုင်မီ တောမီးလောင်ကျွမ်းဒဏ်သင့် ဘော်နီယိုနဲ့ ဆုမားတြားဒေသတွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်က ကာလီမန်တန် အလယ်ပိုင်းမှာလည်း ဆန္ဒပြခဲ့ကြပါတယ်။
သမ္မတ ပရာဘိုဝိုရဲ့ လူထုထောက်ခံမှုနှုန်းဟာ ရာထူးသက်တမ်း နှစ်နှစ်အကြာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက တဖြည်းဖြည်း လျော့ကျလာခဲ့ပါတယ်။
အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး လူရာပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသလို ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ကျောင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။
၂၀၂၅ ခုနှစ်မှာ ရဲတပ်ဖွဲ့က ဆိုင်ကယ်တက္ကစီဒရိုင်ဘာတစ်ဦးကို ပစ်သတ်ခဲ့မှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သီတင်းပတ်များစွာကြာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ပါတယ်။
News: SCMP
Ref; Indonesia deploys hundreds of security staff ahead of Jakarta student protests