Month: May 2023

ဧရာဝတီတိုင်းမ် မေလ ၂၆ ရက် ဧရာဝတီတိုင်းအပါဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ လေပြင်းတိုက်ခတ်တာတွေနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ...
တိုက်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်နိုင် ဧရာဝတီတိုင်းမ် မေလ ၂၆ ရက် ဖိလစ်ပိုင်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုက်ဖွန်းမုန်တိုင်း မဝါ ( Mawar) အရှိန်ကြောင့် လာမည့် သုံးရက်အတွင်း တိုင်း‌နှင့် ပြည်နယ် ရှစ် နေရာတွင် ‌မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု‌ဦးစီးဌာနက ထုတ်ပြန်ထားသည်။ လာမည့် မေလ ၂၈ ရက်မှ ၃၀ ရက်နေ့အတွင်း နေပြည်တော်၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း အပါအဝင် ကရင်နီပြည်၊ ကရင်ပြည် နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါနေရာများတွင်ဒေသအပေါ်မူတည်ပြီး မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ “အခုတစ်ပတ်အတွင်း မေလကုန်အထိက မိုးများစွာရွာသွန်းပြီး မိုးကြီးရေလျှံတာတွေရှိနိုင်ပါတယ်။ မုတ်သုန်မိုးပါတစ်ခါတည်း တစ်နိုင်ငံလုံးလွှမ်းခြုံ‌သွားနိုင်ပါတယ် ” ဟု မိုးလေဝသပညာရပ်ကိုလေ့လာနေသူတစ်ဦး က ခန့်မှန်းပြောကြားသည်။ ထို့အပြင် မိုးကြိုကာလရောက်လာပြီဖြစ်ကာ ‌မိုးတိမ်တောင်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း နှင့် မိုးသီးကြွေကျခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် အထူးသတိထားရန်လိုအပ်ကြောင်း မိုးလေဝသပညာရပ်ကိုလေ့လာနေသူတစ်ဦး က ခန့်မှန်းပြောကြားသည်။ လက်ရှိ ချင်းပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နေသဖြင့်ဒေသခံများသတိပြုရန်လိုအပ်ကြောင်း သိရသည်။ ဩ ယင်းအပြင် တနင်္သာရီကမ်းရိုးတန်းဒေသ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် ရခိုင်ပြည်နယ်တောင်ပိုင်းဒေသများတွင် မိုးရွာသွန်းမြဲထက် နှစ်ဆပိုနိုင်ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်ကြောင်းလည်း မိုးလေဝသ ခန့်မှန်းသုံးသက်သူများက ခန့်မှန်းထားကြသည်။ ” မိုးရာသီရောက်ချိန်ဆို မိုးများတယ်။ ရေကြီးတာတွေဖြစ်လာတော့မယ်။ မနှစ်ကဆို တစ်ခါမှမကြားဖူးတဲ့ တောင်ပေါ်ဒေသမှာ ရေကြီးရေလျှံဖြစ်လာတယ်။ ရေ‌ဝေရေလဲဒေသတွေကိုသေချာစနစ်တကျလုပ်ဖို့လိုနေပြီ ” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေသူတစ်ဦး ကဆိုသည်။ ယင်းအပြင် မြစ်ဝကျွန်း‌ပေါ်ဒေသ မုတ္တမကွေ့၊ မွန် – တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတရံ မိုးသက်လေပြင်းကျရောက်ပြီးလှိုင်းကြီးနိုင်သည့်အတွက် ကမ်းနားအနီးနေသူများ သတိပြုသင့်ကြောင်း မိုးလေဝသလေ့လာသူများက အကြံပြုပြောကြားသည်။ မိုးသက်လေပြင်းကျရောက်ချိန်တွင် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး ၈ ပေမှ ၁၀ ပေ အထိ လှိုင်းကြီးနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရသိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနစ် ဇူလိုင်လနှင့် ဩဂုတ်လများတွင် နိုင်ငံတဝန်း နေအိမ်တစ်ဝက်ခန့်နစ်မြုပ်သည့်အထိရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။ ဓာတ်ပုံ-DDR website #တိုက်ဖွန်းမုန်တိုမုန်တိုင်း #အရှိန်ကြောင့် #မိုးကြီးခြင်းနှင့် #လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်နိုင် #Ayeyarwaddy_Times

ဧရာဝတီတိုင်းမ် မေလ ၂၆ ရက် ဖိလစ်ပိုင်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုက်ဖွန်းမုန်တိုင်း မဝါ ( Mawar) အရှိန်ကြောင့် လာမည့် သုံးရက်အတွင်း တိုင်း‌နှင့် ပြည်နယ်...
ဧရာ၀တီတိုင်းမ် မေ ၂၆ ရက် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွာသာကြီးစီးပွားရေးတက္ကသိုလ်အနီး အမှတ်(၂) လမ်းမကြီးပေါ်တွင် အမျိုးသမီးတစ်ဦးအပါအ၀င်လူငယ် ငါး ဦးကို စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း...
ဧရာဝတီတိုင်းမ် (မတူပီ)၊ မေ ၂၆ ရက် ချင်းပြည်နယ် မတူပီမြို့တွင် ပြီးခဲ့သည့် မေလဆန်းမှာ ချင်းကာကွယ်ရေး တပ်ဖွဲ့- မတူပီက ဗျူဟာမှူး ၁...
ဧရာဝတီတိုင်းမ် မေလ ၂၆ ရက် အာဏာသိမ်းစစ်ကောင်စီကို ဒဏ်ခတ်အရေးယူဖို့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ မေလ ၂၄...
ဧရာဝတီတိုင်းမ် (ယင်းမာပင်)၊ မေလ ၂၆ ရက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာ(ပျူစောထီးစခန်း)သို့ စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကောင်စီ စစ်ကြောင်းအား ယမန်နေ့ မေလ...
ဧရာဝတီတိုင်းမ် မေလ ၂၆ ရက် ဉရောပသမဂ္ဂက ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဘေးသင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြည်သူတွေအ တွက် အရေးပေါ်အကူအညီ ဒေါ်လာ...
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ် မေလ ၂၆ ရက် မကွေးတိုင်းအတွင်း အခြေပြုလှုပ်ရှားသည့် Warriors Of Liberation Force(W.O.L.F)၏ တပ်ရင်းမှူးဖြစ်သူ CDM ဗိုလ်ကြီး ဆိုင်ဂုံနှင့်...
ဧရာ၀တီတိုင်းမ် မေလ ၂၅ ရက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ကျောက်မောရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲကင်းစခန်းကို ယမန်နေ့ မေလ ၂၄ ရက်နေ့တွင်...
ဧရာဝတီတိုင်းမ် မေလ ၂၅ ရက် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မေလ ၂၄ ရက်နေ့က မိုးကြိုးပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့...