ဧရာဝတီတိုင်းမ်
မေလ ၂၆ ရက်

ဧရာဝတီတိုင်းအပါဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ လေပြင်းတိုက်ခတ်တာတွေနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။

ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ ကရင်၊ မွန်၊ ရှမ်းနဲ့ ကချင်စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မိုးရွာပြီး လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာတွေဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါ့ပြင် နောက် ၂ ရက်အတွင်းမှာ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သါရီ၊ မွန်၊ ကရင်နဲ့ ကယား စတဲ့ဒေသတွေမှာ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

“လက်ရှိ တောင်ပိုင်းမှာမုတ်သုံဝင်နေတဲ့အနေအထားကြောင့်မို့လို့ နောက် ၃ ရက် (၇၂ နာရီ) အတွင်း မွန်၊ ကရင်၊ တနင်္သာရီ တစ်ခုလုံးမှာ မိုးရွာနိုင်ပြီး များတဲ့နေရာတွေမှာ ၂ လက်မ နီးပါးလောက်ထိ ရွာနိုင်တယ်'”လို့ မိုးလေဝသလေ့လာသုံးသပ်သူ ဆရာ ဝင်းနိုင်မိုးကလည်း သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မသိပေးပြောဆိုထားပါတယ်။

နောက် ၃ ရက်ကနေ ၅ ရက်အတွင်းဆိုရင်တော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကယား ပြည်နယ်တွေထိ မိုးရွာမယ့်အနေအထားဖြစ်လာပြီး အများဆုံးကတော့ ဧရာဝတီတိုင်းထဲမှာ ဖြစ်မယ်လို့ ဆိုပါတယ်။

#ဧရာဝတီတိုင်းအပါဝင် #တိုင်းနှင့်ပြည်နယ်၇ခု #လေပြင်းတိုက်ပြီး #မိုးကြိုးပစ်တာတွေဖြစ်ပေါ်လာနိုင်တယ်လို့ #မိုးဇလသတိပေး
#Ayeyarwaddy_Times