ဧရာဝတီတိုင်းမ်
မေလ ၂၆ ရက်

အာဏာသိမ်းစစ်ကောင်စီကို ဒဏ်ခတ်အရေးယူဖို့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ မေလ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။

အဆိုပါမိတ်ဖက်နိုင်ငံတွေက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအာဏာသိမ်းမှုနောက်ပိုင်း အရေးယူမှု တွေရဲ့ အရေးပါမှုကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မိတ်ဖက်နိုင်ငံတွေက အာဏာသိမ်းစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူနိုင်မယ့် နည်းလမ်းတွေ ကို ဆွေးနွေးခဲ့တယ်လို့လည်း
ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အရပ်သားတွေအပေါ် ပစ်မှတ်ထားနေတဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့် အောင်လုပ်ဖို့နဲ့ တိုင်းပြည်ကို
ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် မြန်မာစစ်တပ်ကို ဖိအား ပေးဖို့ မိတ်ဖက်နိုင်ငံတွေက ဆွေးနွေးခဲ့ပါတယ်။

တရားမဝင် အာဏာသိမ်းမှုနဲ့ ငြိမ်းချမ်းသော ဆန္ဒဖော်ထုတ်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှု တွေကြောင့် ဉရောပသမဂ္ဂက မြန်မာစစ်ကောင်စီ တာဝန်ရှိသူတွေအပေါ် ခြောက်ကြိမ်မြောက်အထိ ဒဏ် ခတ်အရေးယူတာတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် လူပုဂ္ဂိုလ် ၈ဝ ကျော်၊ မြန်မာ စစ်တပ် နဲ့ ဆက်နွယ်တဲ့
အဖွဲ့အစည်းနဲ့ စီးပွားရေးလုပ်ငန်း ၄ဝ နီးပါးကို ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

ကိုးကား – https://www.state.gov
Ref; State Department Engages Partners on Burma Sanctions Coordination

#Ayeyarwaddy_Times