ဧရာဝတီတိုင်းမ်
မေလ ၂၆ ရက်
ဉရောပသမဂ္ဂက ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဘေးသင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြည်သူတွေအ တွက် အရေးပေါ်အကူအညီ ဒေါ်လာ ၂ ဒသမ ၇ သန်း ပေးပို့လိုက်တယ်လို့ ဉရောပကော်မရှင်က မေလ ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။
“မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ တိုက်ခတ်ပြီးနောက် ဉရောပကော်မရှင်က အရေးပေါ် လူသားချင်းစာနာမှုအကူအညီ ယူရို ၂ ဒသမ ၅ သန်း ထောက်ပံ့ပေးခဲ့ပါတယ်” လို့ ဉရောပကော်မရှင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ယခုအကူအညီဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ အကူအညီ ထိ ခိုက်လွယ်သူတွေရဲ့ အလိုအပ်ဆုံးအရာတွေကို ဖြေရှင်းပေးဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်တွေရဲ့ ယာယီတဲအိမ်တွေ ပျက်စီးခဲ့ပြီး မိုး သည်းထန်စွာ ရွာသွန်းမယ်လို့
မျှော်မှန်းရတာကြောင့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်လာနိုင်တဲ့အန္တရာယ် လည်း ရှိနေတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ မူဆလင်လူနည်းစုအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုကြောင့် သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပါတယ်။
ရိုဟင်ဂျာ ၁ ဒသမ ၂ သန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး အများစုက ကော့ဘဇားခရိုင်ရှိ ကမ္ဘာ့ အကြီးဆုံး ဒုက္ခသည်စခန်းမှာ အခက်အခဲပေါင်းစုံနဲ့ ခိုလှုံနေရပါတယ်။
ကိုးကား- Anadolu
Ref; EU sends $2.7M aid for regions hosting Rohingya refugees after Cyclone Mocha