ဧရာဝတီတိုင်းမ်
မေလ ၂၅ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မေလ ၂၄ ရက်နေ့က မိုးကြိုးပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ်အတွင်းက ကျေးရွာတွေမှာ မနက်အစောပိုင်း မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်ခဲ့တာကြောင့် မမုံကျေးရွာက အသက် ၃၉ နှစ်အရွယ် ကိုရွှေသိန်းနဲ့ ဆန်ခါကျေးရွာနားက ထွန်းတောက်ကြယ် လုပ်ကွက် အဟောင်းက အစောင့်ဖြစ်ဦး အသက် ၄၀ အရွယ် ဦးစိုင်းမြင့်မောင် တို့သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

တစ်ယောက်က မိုးကြိုးစက်ကွင်းမိပြီးသေသွားတာ၊ ကင်းစောင့်နေတဲ့ တစ်ယောက်ကတော့ လက်နှိပ် ဓါတ်မီးကို ပစ်တာခံရပြီး နေရာမှာတင်ဆုံးတာလို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မိုးကြိုးပစ်ခံရလို့ သေဆုံးခဲ့တဲ့ အမျိုးသား ၂ ဦးက မိုးကြိုးပစ်ခတ်ချိန်မှာ လက်ထဲမှာ သံထည်ပစ္စည်းတွေ ကိုင်ဆောင်ထားတာကြောင့် ပစ်ခတ်ခံရတာဖြစ်နိုင်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ မိုးကြိုးပစ်ခတ်ခံရပြီး လူသေဆုံးမှုဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်နှစ်တွေကလည်း ဖားကန့်မြို့နယ်အတွင်းက လုံးခင်း၊ ရုံးချို၊ ကံဆီးနဲ့ အောင်ဘာလေ ကျေးရွာတွေမှာ ခုလိုမျိုး မိုးကြိုးပစ်ခတ်မှုကြောင့် လူသေဆုံးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

#ဖားကန့်မြို့နယ် #မိုးကြိုးပစ်ခံရပြီး #အမျိုးသား၂ဦးသေဆုံး
#Ayeyarwaddy_Times