သတင်း

ဧရာဝတီတိုင်းမ် (ရေတာရှည်)၊ ဇွန်လ ၁၅ ရက် ပဲခူးတိုင်း၊ ရေတာရှမြို့နယ်၊ သာဂရမြို့၊ ငှက်ပျောတောကျေးရွာရှိ စစ်တောင်းမြစ်ကူး တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ယမန်နေ့ ဇွန်လ...
ရေဖြူမြို့နယ် တွင် လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီသတင်းပေးပျူစောထီးခေါင်းဆောင် တစ်ဦး ပစ်သတ်ခံရ ဇွဲနိုင်/ဧရာဝတီတိုင်းမ် (ရေဖြူ)၊ဇွန်လ ၁၅ ရက် တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသ၊ဖားချောင်းကျေးရွာအုပ်စု၊ဖားချောင်း ရွာက စစ်ကောင်စီသတင်းပေးဆိုသူ လက်နက်ကိုင်ဆောင်ထားတဲ့ပျူစောထီး ခေါင်းဆောင်တစ်ဦး ဇွန်လ ၁၁ ရက် ညနေပိုင်းက ပစ်သတ်ခံရကြောင်း ဒေသခံများထံကသိရသည်။ ပစ်သတ်ခံရသူသည် အသက် ၅၅ နှစ်ခန့်ရှိ ပျုစောထီးခေါင်းဆောင် ဦးစုရွှေ ဆိုသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ” သူက လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးခေါင်းဆောင်ပေါ့။ ရွာမှာဆိုအရမ်းဆိုးတဲ့သူပေါ့။ရွာသားတွေလည်း သူ့ကိုကြည့်မရဘူး။သူ့မှာတပည့် ပျူစောထီးတွေလည်းအများကြီးပဲ့။တပည့်တွေ ကိုလည်း လက်နက်တွေပေးထားတယ်။ပြီး တော့ သူက မူးယစ်ဆေးဝါးတွေကို ရောင်းနေတဲ့ ဒိုင်ကြီးပေါ့။ သူ့အိမ်ပေါ် မှာလည်း နှစ်လူးပြူးသေနတ် ကြီးကို ချိတ်ထားတယ်။ PDF တွေ လာရင် ပစ်မလို့တဲ့။အခုတော့ PDF တွေ ပစ်သတ်လို့ သေသွားပြီ”ဟု ဖားချောင်းရွာ သား ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။ ပစ်ခတ်ခံရ၍ သေဆုံးခဲ့သူသည် စစ်ကောင်စီတပ်သားများက PDF များရှိသည့် နေရာများသို့ စစ်ကြောင်းထိုးလျှင် လမ်းပြအဖြစ်လိုက်ပါဆောင်ရွက်နေသူဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။ “သူက ရွာသားတွေကို အမြဲခြိမ်းခြောက်တယ်။နင်တို့က ငါ့ကိုဘာထင်နေလည်း စစ်တပ်ကို ငါ အခုဖုန်းဆက်ခေါ်ပြီး ဖမ်းခိုင်းလိုက်မယ် လို့ အမြဲခြိမ်းခြောက်ပြောဆိုလေ့ ရှိတယ်” ဟု ဖားချောင်းရွာသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဖားချောင်းကျေးရွာအုပ်စုတွင် စစ်ကောင်စီသတင်းပေး များဖြစ်ကြသည့် တောင်ရင်းအင်းရွာက ဦးနိုင်ဝင်း နှင့် ဖားချောင်းရွာ က ဦးကျော်ဦး တို့ နှစ်ဦး ပစ်သတ်ခံခဲ့ရပြီး ဦးစုရွှေမှာ တတိယမြောက် ပစ်ခတ်ခံရ၍ သေဆုံးသူ ဖြစ်သည်။ ဦးစုရွှေကို မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံများကပြောသည်။ ဓာတ်ပုံ–သေနတ်ဖြင့်ပစ်သတ်ခံရသည့် ပျူစောထီးခေါင်းဆောင်

ဇွဲနိုင်/ဧရာဝတီတိုင်းမ် (ရေဖြူ)၊ဇွန်လ ၁၅ ရက် တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသ၊ဖားချောင်းကျေးရွာအုပ်စု၊ဖားချောင်း ရွာက စစ်ကောင်စီသတင်းပေးဆိုသူ လက်နက်ကိုင်ဆောင်ထားတဲ့ပျူစောထီး ခေါင်းဆောင်တစ်ဦး ဇွန်လ ၁၁ ရက် ညနေပိုင်းက ပစ်သတ်ခံရကြောင်း...
ဧရာဝတီတိုင်းမ် (ချင်း)၊ ဇွန်လ ၁၅ ရက် မီဇိုရမ်ပြည်နယ်တွင် ရာသီတုပ်ကွေးဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်အများအပြားဖျားနာနေကြောင်စစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။ ရာသီတုပ်ကွေးဖြစ်ပွားမှုကြောင့် ဖျားနာနေကြသော စစ်ဘေးရှောင်ပြည်သူများကို...
ဧရာဝတီတိုင်းမ် ဇွန်လ ၁၅ ရက် နေပြည်တော် မှ ရှမ်းတဲကြီးသို့ ပျံသန်းသည့် အမောင်းသင် စစ်ရဟတ်ယာဉ်တစ်စီးသည် ယနေ့ ဇွန်လ ၁၅ ရက်နေ့...
ဧရာ၀တီတိုင်းမ် ဇွန်လ ၁၅ ရက် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အနောက်ဘက် မိုင် ၃၀ အကွာ ၀င်ကိုက်မြောင် အနီးတွင် ယနေ့ ဇွန်လ...
ဧရာဝတီတိုင်းမ် ဇွန်လ ၁၅ ရက် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ စစ်ကောင်စီတပ်နဲ့ရဲတွေက နေအိမ်တစ်လုံးနဲ့ ဆန်စက်တစ်လုံးကို ဇွန်လ ၁၂ ရက်နေ့ တစ်ရက်တည်းမှာ လိုက်လံချိပ်ပိတ်ခဲ့တယ်လို့...
ဧရာဝတီတိုင်းမ် ဇွန်လ ၁၅ ရက် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇွန်လ ၁၄ ရက်နေ့က ကျေးရွာလူတွေနေထိုင်တဲ့အနား ကပ်လျက်ရှိတဲ့ ကျောက်တွင်းပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လုံးခင်းကျေးရွာအုပ်စု၊...
ဧရာဝတီတိုင်းမ် ဇွန်လ ၁၅ ရက် မကြာသေးမီက ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားအစိုးရက လူ သားချင်းစာနာမှု အကူအညီ ပေးပို့မယ်လို့ လူသားဖွံ့ဖြိုးရေးနှင့်...
ဧရာဝတီတိုင်းမ် ဇွန်လ ၁၅ ရက် ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ ဇွန်လ ၁၂ ရက်နေ့ညပိုင်းက နေအိမ်ခြံ၀န်းအတွင်းထားတဲ့ ဆိုင်ကယ် ၁၅ စီး...
ဧရာဝတီတိုင်းမ် ဇွန်လ ၁၅ ရက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီ တပ်သားတွေက လိုက်လံပြီး ကျောင်းမတက်တဲ့အကြောင်းအရင်းကို မေးမြန်းတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက...