
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် စက်လှေတစ်စီးပေါ်မှ ငွေကျပ် ၆၉ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီမှ သြဂုတ်(၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဇူလိူင်လ ၂၂ရက်နေ့က ဖျာပုံမြို့နယ် ၊ကမ်းနားကွင်းကျေးရွာ၊ ခါးပြတ်ချောင်းအတွင်း စက်လှေတစ်စီးကို စစ်ကောင်စီ တပ်ဖွဲ့များမှ ရပ်တန့်ခိုင်းရာ မရပ်ပေးသောကြောင့် လိုက်လံဖမ်းဆီးရာမှ ယခုကဲ့သို့ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမူးယစ်ဆေးများသည် ရှမ်းပြည်နယ်တောင်ပိုင်းမှ သယ်ဆောင်လာပြီး ဖျာပုံမြို့ပင်လယ်ပြင်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် ဖြစ်ပြီး စုစုပေါင်း အိုက်စ်မူးယစ်ဆေး ၂ဒသမ၃တန်ရှိကြောင်းဖမ်းဆီးရမိသူများမှ ထွက်ဆိုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဥ်တွင် စက်လှေပိုင်ရှင် ဖြစ်သူ ရန်ကုန်တိုင်း ၊ မြောက်ဥက္ကပမြို့နယ်နေထိုင်သူ လှမောင်ကြီးဆိုသူကို ပစ္စတိုသေနတ် တစ်လက် ကျည်အတောင့် ၅၀နှင့်အတူ ဖမ်းဆီးခဲ့ပြီး၊ ဖျာပုံ၊ ရန်ကုန်နှင့်ပြင်ဦးလွင်မြို့များမှ အမှုကွင်းဆက်တရားခံ ၁၂ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီမှသတင်းထုတ်ပြန်ထားသည်။
#ဖျာပုံမြို့နယ်ငွေကျပ် #၆၉ဘီလီယံတန်ဖိုးရှိ #မူးယစ်ဆေးဝါးများ #ဖမ်းဆီးရရှိ #Ayeyarwaddy_Times