
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်
ရှမ်းမြောက်၊ လားရှိုးအခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကြီးတစ်ခုလုံးကို MNDAA ပူးပေါင်းတပ်မှ ယနေ့နံနက်ပိုင်းတွင် အပြီးသတ်သိမ်း ပိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ယနေ့ ဩဂုတ် ၃ ရက်နေ့ နံနက်ပိုင်းအချိန်တွင် MMDAA ဦးဆောင်သည့် ပူးပေါင်းတပ်သည် ရမခစစ်ဌာနချုပ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လားရှိူးမြိုကို ဇူလိုင် ၃ ရက်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်လအကြာတွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“လွှတ်တဲ့ စစ်ကူတွေကလည်း ပိတ်ဆို့တိုက်ခိုက်ခံရပြီး ရှေ့မတက်နိုင်ဘဲ ပြန်လှည့်တာနဲ့၊ သတ်သေတာနဲ့ စစ်မကူနိုင်ဘူး။ ရမခတစ်ခုလုံးကိုရပါပြီ”ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရမခစစ်ဌာနချုပ်အနီးဝန်းကျင်တွင် ယမန်နေ့က တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ပူးပေါင်းအဖွဲ့မှ ဗဟိုကင်းနှင့် စစ်ဆေးရုံတပ်တို့ကို သိမ်းပိုက်ရရှိပြီးနောက် ယနေ့တွင် လက်နက်သံများ မကြားရတော့ကြောင်း ဒေသခံများထံမှ သိရသည်။
အစဉ်အလာကြီးမားသည့် ရမခစစ်တိုင်းဌာနချုပ်အနေဖြင့် သမိုင်းမရိုင်းဟုဆိုကာ ဝါဒဖြန့်ဖော်ပြနေသည့် ချန်နယ်အများစုမှ ရမခကြီးကျသွားပြီဟု ရေးသားထားကြပြီး People Media တွင်မူ လားရှိုးမြို့အခြေအနေနှင့်ပတ်သက်၍ ကောလဟလများကို မယုံကြည်ကြရန်နှင့် မြေပြင်တွင်ဖြစ်ပေါ်နေသည့် ဖြစ်စဉ်ကို တင်ပြနိုင်ရန် ကြိုးစားနေသည်ဟုဆိုသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်တိုင်း ၁၄ တိုင်းတွင် စစ်တိုင်းဌာနချုပ်ကြီးတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီအနေဖြင့် စစ်တပ်သမိုင်းတွင် စစ်အင်္ဂါစဉ်ပျက်၍ စစ်ဌာနချုပ်ကြီးတစ်ခုလုံးပျောက်ကွယ်သွားရခြင်းဖြစ်သည်။
ပုံစာ – ရမခစစ်ဌာနချုပ် စစ်ရုံးတွင် ရိုက်ထားသည့် MNDAAတပ်ဖွဲ့ဝင်များ
#ရှမ်းမြောက် #လားရှိုး #ရမခ #MNDAA #
#Ayeyarwaddy_Times