ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျသွားသည့်အတွက် အချိန်မီစစ်ကူရန်အမှတ် (၁၂) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်(ကော့ကရိတ်) တပ်များကို စေလွှတ် ခဲ့ကြောင်း သိရသည်။

ယနေ့ ဩဂုတ် ၃ ရက်နေ့ နံနက်ပိုင်းအချိန်တွင် လားရှိုး မြို့ ရမခကို စစ်ကူရန်တက်လာသည့် စစ်ကား ၁၉ စီးပါ စကခ ၁၂ စစ်ကြောင်းနှင့် ကိုးကန့်တပ် (MNDAA) တို့ တန့်ယန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကူရန်တက်လာသည့် စစ်ကြောင်းသည် တန့်ယန်းရှိ ဟိုနကျေးရွာတွင် ပိတ်ဆို့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြားသဖြင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခမှူး) ဖြစ်သူ ဗိုလ်မှူးကြီးအောင်ကျော်မိုးမှာ တိုက်ပွဲအတွင်း မိမိကိုယ်ကိုသတ်သေသွားကြောင်း သိရသည်။

“စစ်ကူစစ်ကြောင်းက ကော့ကရိတ်ကနေတက်လာတာ။ ကျသွားတဲ့ ရမခကို အမြန်စစ်ကူပေးရမယ့်စစ် ကြောင်းပေါ့။ ဒါကို လမ်းမှာတင်တိုက်ခိုက်ခံရပြီး ရှေ့ ကလာတဲ့ စစ်ကြောင်းတွေလို ရှေ့‌မရောက် နိုင်ဖြစ်နေ တာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်နေ့ကလည်း လားရှိုးကိုစစ်ကူရန် တန့်ယန်းမှတက်လာသည့် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ)မှ အင်အား ၄၀၀ ပါ စစ်ကောင်စီယာဉ်တန်းမှာ တိုက်ခိုက်ခံရကာ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန်းထွန်းအောင်မှာ ဒဏ်ရာရရှိသဖြင့် ခိုလမ်စစ်ဆေးရုံသို့ ပို့ဆောင် ထားပြီး ၅၀ ကျော်သေဆုံးကာ ၈၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုံစာ-လားရှိုးတွင် ကင်းလှည့်နေသည့် MNDAA တပ်ဖွဲ့ဝင်များ
#ရှမ်းမြောက် #လားရှိုး # စကခ ၁၂ #စစ်ကြောင်း #စစ်ကူ #ကြားဖြတ် #တိုက်ခိုက်ခံရ #စကခမှူး #သတ်သေ #Ayeyarwaddy_Times