‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၈ ရက်

‎ပြည်တွင်း၌နှစ်ပေါင်းများစွာလူကြိုက်များစားသုံးသော အိုဗာတင်း ကို တရားဝင်တင်သွင်းဖြန့်ချီသည့် DKSH ကုမ္ပဏီက တင်သွင်းရောင်းချမှုကို ရပ်ဆိုင်းလိုက်ကြောင်းနှင့် ကုမ္ပဏီအမည်ကို ဈေးကွက်အတွင်းအသုံးပြုပါက အရေးယူမည်ဟု ထုတ်ပြန်လာသည်။

‎DKSH ကုမ္ပဏီသည် ၂၀၁၉ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံဈေးကွက်အတွင်း အိုဗာတင်းများကိုတရားဝင်ဖြန့်ဖြူးရောင်းချခဲ့ပြီး ယခုနှစ် ၂၀၂၆ အောက်တိုဘာလကုန်မှစတင်ကာ ယင်းထုတ်ကုန်များကိုရောင်းချသည့်လုပ်ငန်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်းပါဝင်သည်။

‎ယင်းနောက်ပိုင်း အိုဗာတင်း ထုတ်ကုန်များကို DKSH ကုမ္ပဏီက ဖြန့်ချီသည်ဟုဖော်ပြခြင်း၊ အညွှန်းစာများအသုံးမပြုရန်အသိပေးလိုက်ပြီး ကုမ္ပဏီလိုဂို အမှတ်တံဆိပ်နှင့် အခြားသက်သေခံအမှတ်အသားများအသုံးပြုပါက တည်ဆဲဥပဒေနှင့် အညီအရေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

‎အဆိုပါ DKSH ကုမ္ပဏီမှ ဖြန့်ချီသော Ovaltine ထုတ်ကုန်များတွင် Batch ( Batch No. 260320/ Exp 19 Mar 2028 ထုတ်ကုန်များဖြစ်ကြောင်းပါဝင်သည်။

‎ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် အောက်တိုဘာလကုန်မှစတင်၍ DKSH (Myanmar) Limited နှင့် AB Food & Beverages (Thailand) Ltd တို့အကြား သဘောတူစာချုပ်အား ရပ်စဲခဲ့ခြင်းဖြစ်သည်။

မြန်မာဈေးကွက်၌ လူသုံးများသည့် အားဖြည့်ဆေးဝါးများ၊ နာမည်ကြီး အလှကုန်နှင့် ရေမွှေးအတုများကို မြန်မာနိုင်ငံသို့ပို့‌ဆောင်ခြင်းမပြုခင် ထိုင်းနိုင်ငံတွင် မကြာခဏဖမ်းဆီးရမိကြောင်း The Nation Thailand သတင်းများတွင် ဖော်ပြထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်