‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၈ရက်
‎
‎ကျောက်ဖြူမြို့နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်မှ ပြန်လည်စတင်ခဲ့သည့် တိုက်ပွဲများသည် စစ်ရေးနယ်မြေ ပိုမိုကျယ်ပြန့်လာကာ အပြင်းထန်ဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသတွင်း သတင်းများနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
‎
‎လက်ရှိတွင် မင်းတက်တောင်နှင့် ပြိုင်းစေ့ကေ စသည့်နေရာများအထိ တိုက်ပွဲများ ကူးစက်ဖြစ်ပွား လာနေပြီး အာရက္ခတပ်တော် (AA) က အဝတောင်စခန်းကို ပိတ်ဆို့တိုက်ခိုက်နေသကဲ့သို့ တောင်မော်ဦး အနီးအထိပါ ထိုးစစ်ဆင်လျက်ရှိသည်။
‎
‎”စစ်ကူစစ်ကြောင်းတွေနဲ့အတူ စစ်တပ်က ရေတပ်သင်္ဘောပစ်ကူ၊ လေကြောင်းပစ်ကူ၊ ကြည်းရေလေ အကုန်ထုတ်သုံးလာတယ်” ကျောက်ဖြူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
‎
‎ထို့အပြင် စစ်ကူပို့ရန် တက်လာသည့် စစ်တပ်စစ်ကြောင်း နှစ် ခုကိုလည်း AA က ကြားဖြတ် တိုက်ခိုက်နေသဖြင့် သိုင်းချောင်းနှင့် မင်းပြင်ဘက်တို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။
‎
‎စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များကို ဆက်လက်သိမ်းပိုက်သွားမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်တွင် AA က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် စစ်တပ်သည် ရခိုင်ပြည်နယ်အတွင်း ခုခံစစ်နှင့် ထိုးစစ်များကို အရှိန်မြှင့်ရန် ညွှန်ကြားထားသည့်အပြင် တိုက်ပွဲဖော်ဆောင် ထိုးစစ်ဆင်မှုများ လုပ်ဆောင်လာကြောင်း သိရသည်။
‎
ရွေးတုအစိုးရ ‎စစ်တပ်သည် စစ်တွေနှင့်ကျောက်ဖြူနယ်အတွင်း စစ်ရေးပြင်ဆင်ရာတွင် အရပ်ဘက်သုံး ခရီး သည်တင်လေယာဉ်များကို အသုံးပြုကာ စစ်တွေနှင့် ကျောက်ဖြူလေဆိပ်များသို့ စစ်တပ် တပ်ဖွဲ့ဝင်များ၊ လက် နက်ခဲယမ်းများနှင့် ဒရုန်းများကို ပို့ဆောင်နေကြောင်း သိရသည်။ စစ်မှုထမ်း တပ်သားသစ် (ပစ) များကို အဓိက ခေါ်ဆောင် အင်အားဖြည့်လာကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မြေပုံ- NZY