ဧရာဝတီတိုင်းမ်
နိုဝင်ဘာ၂၀ ရက်
ICJ တရားရုံး စီရင်ချက်ကို နှောင့်နှေးမှုမရှိ အပြည့်အဝ လိုက်နာဖို့ မြန်မာနိုင်ငံကို ဥရောပသမဂ္ဂ (EU) က ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ICJ တရားရုံး စီရင်ချက်ကို လိုက်နာဆောင်ရွက်တာဟာ နိုင်ငံတကာ ဥပဒေအရ တာဝန်တစ်ခု ဖြစ်တယ်လို့လည်း ဥရောပသမဂ္ဂက ပြောပါတယ်။
ဥရောပကော်မရှင်ရဲ့ သံတမန်ရေးဌာန ထုတ်ပြန်ချက်မှာ ပြန်လည်ထူထောင်ပေးတာနဲ့ လျော်ကြေးပေးတာတွေ အပါအဝင် တာဝန်ဝတ္တရားတွေကို မြန်မာက ဖြည့်ဆည်းရမယ်လို့ ဆိုပါတယ်။

ICJ တရားရုံး ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ဆိုတာ ရွေးချယ်စရာ မဟုတ်ဘဲ နိုင်ငံတကာ ဥပဒေအရ မဖြစ်မနေ လိုက်နာရမယ့် တာဝန်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိရေးဟာ ပဋိပက္ခ ရေရှည်ဖြေရှင်းဖို့နဲ့ ဒေသတွင်း တည်ငြိမ်ရေးအတွက် အရေးကြီးတယ်လို့ ဆိုပါတယ်။
နေရပ်စွန့်ခွာရတာနဲ့ အကြမ်းဖက်မှုတွေ အပါအဝင် ရိုဟင်ဂျာတွေ ခံစားခဲ့ရတာတွေကို မေ့ပစ်လို့ မရဘူးလို့ ဥရောပသမဂ္ဂက ပြောပါတယ်။

ICJ တရားရုံး စီရင်ချက်ဟာ နစ်နာသူတွေအတွက် တရားမျှတမှု လိုအပ်ချက်နဲ့ နိုင်ငံတကာ ဥပဒေကို ထိန်းသိမ်းဖို့ လိုအပ်ချက်ကို မီးမောင်းထိုးပြနေတာလို့ ဆိုပါတယ်။
ICJ ရဲ့ လွတ်လပ်မှုနဲ့ အခွင့်အာဏာဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေ များလာချိန်မှာ ပိုအရေးကြီးလာတယ်လို့လည်း ထောက်ပြထားပါတယ်။
၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ် မြန်မာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ၉ မဲ ၆ မဲနဲ့ ICJ ဆုံးဖြတ်ခဲ့ပြီး နိုင်ငံတစ်နိုင်ငံကို ပထမဆုံး တာဝန်ရှိကြောင်း သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
News: Anadolu Agency
Ref; EU urges Myanmar to fully implement ICJ’s genocide ruling ‘without delay’