ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်

 

တရုတ်နိုင်ငံ၊ ဆန်ကျန့်မြို့တွင်ကျင်းပသော အာရှ – ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ( APEC)ဆွေးနွေးပွဲအပြီးတွင် တရုတ် – ရုရှား – အမေရိကန် နိုင်ငံအကြီးအကဲများသုံးပွင့်ဆိုင်သမိုင်းဝင်ထိပ်သီးအစည်းအဝေးတွင် စွမ်းအင်စီးဆင်းမှုတည်ငြိမ်ရေး၊ နျူကလီးယားစစ်ပွဲမဆင်နွဲရေးထပ်လောင်းအတည်ပြုကြေညာကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

 

ယမန်နေ့ ( နိုဝင်ဘာ ၁၉ ) ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်တို့တွေ့ဆုံရာတွင် နိုင်ငံတကာ အခြေအနေများကိုဆွေးနွေးကြပြီး မဟာဗျူဟာမြောက်တည်ငြိမ်မှုနှင့် နိုင်ငံတကာလုံခြုံရေးကိုထိန်းသိမ်းသွား မည်ဖြစ်ကြောင်း ကတိပြုကြသည်။

နိုင်ငံအားလုံး၏ အကျိုးစီးပွားအတွက်သန့်စင်ပြီးရေနံထွက်ကုန်ထုတ်လုပ်မှု၊ ထောက်ပံ့မှုတိုးမြှင့်သွားရန်နှင့် စွမ်းအင်စီးဆင်းမှုတည်ငြိမ်ရေးထပ်လောင်းအတည်ပြုကြောင်းပါဝင်သည်။

 

ထို့ပြင် နျူကလီးယားစစ်ပွဲကိုအသုံးချပြီးအနိုင်ယူတိုက်ခိုက်ခြင်းမပြုရန်အပါအဝင် နျူကလီးယားလက်နက်ပျံ့နှံ့မှုတားဆီးရေးနှင့်ပတ်သက်ပြီး သုံးနိုင်ငံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင်ပါဝင်သည်။

 

ယင်းပြင် နိုင်ငံတကာရာဇဝတ်ခုံရုံး ( ICC) နှင့် အခြားအလားတူအဖွဲ့အစည်းများ၏ တရားစီရင်ပိုင်ခွင့်ကို အလွဲသုံးစားမပြုရန်သဘောတူညီခဲ့ကြကြောင်းသိရသည်။

 

ဓာတ်ပုံ – နိုင်ငံတကာသတင်းဌာနများ