ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်

၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ တရားရုံး စီရင်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က ကြာသပတေးနေ့မှာ ကြိုဆိုလိုက်ပါတယ်။

ICJ တရားရုံး စီရင်ချက်ဟာ လူသားမျိုးနွယ်အပေါ် အဆိုးရွားဆုံး ရာဇဝတ်မှုတစ်ခုအတွက် မြန်မာနိုင်ငံ တာဝန်ရှိကြောင်း ရှင်းရှင်းလင်းလင်း ကောက်ချက်ချလိုက်တာလို့ သူက ပြောပါတယ်။

ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှုရရှိဖို့ ဒီစီရင်ချက်ဟာ အလှည့်အပြောင်း တစ်ခု ဖြစ်ရမယ်လို့လည်း သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရပ်တန့်ဖို့ အဓိပ္ပာယ်ပြည့်ဝတဲ့ လုပ်ငန်းစဉ်တစ်ခုရဲ့ အစလည်း ဖြစ်ရမယ်လို့ သူက ဆက်ပြောပါတယ်။

ICJ တရားရုံးက အမိန့်ချမှတ်မှုတွေကို မြန်မာဘက်က ချက်ချင်း အကောင်အထည်ဖော်ဖို့လည်း ၎င်းက တိုက်တွန်းပါတယ်။

မြန်မာစစ်တပ်ထံ စစ်လက်နက် ပစ္စည်းတွေ၊ လေယာဉ်ဆီနဲ့ နှစ်မျိုးသုံး ပစ္စည်းတွေ လွှဲပြောင်းပေးနေတာကို နိုင်ငံတွေအနေနဲ့ ချက်ချင်း ရပ်တန့်ရမယ်လို့ သူက ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေကို လျော်ကြေးပေးရေးနဲ့ လူသားချင်း စာနာမှု အစီအစဉ်တွေကိုလည်း နိုင်ငံတကာက ကူညီဖို့ ဗော်လ်ကာတာ့ခ်က တောင်းဆိုပါတယ်။

ဘေးကင်းလုံခြုံပြီး ရေရှည်တည်တံ့တဲ့ အခြေအနေ မရှိသေးသရွေ့ ရိုဟင်ဂျာတွေကို အချိန်မတိုင်မီ နေရပ်ပြန်ပို့တာမျိုး မလုပ်ဖို့ သူက သတိပေးပါတယ်။

မြန်မာအာဏာပိုင်တွေနဲ့ ဆက်ဆံရေးကို ပြန်သုံးသပ်ဖို့နဲ့ တာဝန်ခံမှုရှိရေး ကြိုးပမ်းမှုတွေ တိုးမြှင့်ဖို့လည်း ကမ္ဘာ့နိုင်ငံတွေကို ၎င်းက တိုက်တွန်းပါတယ်။

News: Anadolu Agency
Ref; UN rights chief says Myanmar genocide ruling must be a ‘turning point’ for Rohingya justice