
ဧရာဝတီတိုင်းမ်
သြဂုတ် ၃ ရက်
ဟက်ဇ်ဘိုလာအဖွဲ့ အကြီးတန်းဗိုလ်ချုပ်ကြီး ဖာရွတ်ရှူကာနဲ့ ဟားမာစ်ခေါင်းဆောင် အစ္စရေး ဟာနီယာတို့ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အစ္စရေးနိုင်ငံကို ကာကွယ်ပေးဖို့ အမေရိကန်နိုင်ငံက တပ် ဖွဲ့ဝင်တွေ စေလွှတ်မှာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟုတို့ကြား ဖုန်းပြော ဆိုပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကာကွယ်ရေးအစီအမံသစ်တွေနဲ့ပတ်သက်လို့ အဆိုပါထုတ်ပြန်ချက်က အသေးစိတ်မဖော်ပြခဲ့ပါ ဘူးလို့ သိရပါတယ်။
အစ္စရေးကို အီရန်နဲ့အခြားတိုင်းပြည်တွေ အထူးသဖြင့် ပဲ့ထိန်းဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ကနေ ကာကွယ်ပေးဖို့ ခေါင်းဆောင်နှစ်ဉီးက ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
အစ္စရေးစစ်တပ်ရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ယူဆကြတဲ့ လက်ဘနွန်နဲ့အီရန်နိုင်ငံတွေမှာ ဟက်ဇ်ဘိုလာနဲ့ ဟားမာစ်ခေါင်းဆောင်နှစ်ဉီး လုပ်ကြံခံခဲ့ရလို့ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေ ဖြစ်လာ နိုင်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ အရှိန်လျှော့ရေး ကြိုးစားဖို့အရေးကြီးကြောင်း ဂျိုး ဘိုင်ဒင်က နေတန်ယာဟုကို ပြောပါတယ်။
နေတန်ယာဟုနဲ့ ဖုန်းပြောဆိုမှုမှာ အမေရိကန် ဒုတိယသမ္မတနဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း ကာမဲလာဟားရစ်လည်း တက်ရောက်ခဲ့ပါတယ်။
ကိုးကား – The Times of Israel
Ref; White House announces new US military deployments after call between Biden and Netanyahu
#Ayeyarwaddy_Times