
ဧရာဝတီတိုင်းမ်
သြဂုတ် ၃ ရက်
ထိုင်းအာဏာပိုင်တွေဟာ သြဂုတ် ၁ ရက်က ဆူရတ်ဌာနီပြည်နယ်၊ Ko Pha Ngan ကျွန်းပေါ် မှာ မြန်မာနိုင်ငံသား ညီအစ်ကိုငါးဦးကို တရားမဝင် မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးက ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူတွေဆိုတာ တွေ့ရှိခဲ့ပါတယ်။
မြန်မာလူငယ်တွေက ဒေသခံပြည်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဆူညံမှုတွေပြုလုပ်ကြောင်း တိုင်ကြားမှုတွေကြောင့် ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေနဲ့ ဒေသန္တရရဲတပ်ဖွဲ့ဟာ Ko Pha Ngan ကျွန်းပေါ် နေအိမ်တစ်လုံးကို စီးနင်းခဲ့ပါတယ်။
အဆိုပါနေအိမ်ဟာ မော်တော်ဆိုင်ကယ်ပြင်ဆိုင်တစ်ခုလည်း ဖွင့်လှစ်ထားတယ်လို့ ဖမ်းဆီးရေး အဖွဲ့က သြဂုတ် ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ နေအိမ်အတွင်း ညီအစ်ကို ၅ ဉီးဖြစ်တဲ့ မောင်မောင်နိုင် (၂၀) နှစ်၊ နေထက်လင်း (၂၄) နှစ်၊ မြတ်ကျော် (၂၆) နှစ်၊ မိုးကျော် (၂၆) နှစ်နဲ့ ရဲထိုက်ကို (၃၀) နှစ် တို့ကို တွေ့ရှိခဲ့ပါတယ်။
နေအိမ်အတွင်း ဆိုင်ကယ်ပြင်ကိရိယာတွေနဲ့အတူ မူးယစ်ဆေးသုံးရာမှာ အသုံးပြုတဲ့ကိရိယာတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံသား ညီအစ်ကို ၅ ဦးစလုံးကို မီသာဖက်တမင်းဆေး သုံးစွဲမှုနဲ့ စွဲချက်တင်ခဲ့ပြီး မိုးကျော်နဲ့ ရဲထိုက်ကိုတို့ကို ဗီဇာသက်တမ်း ကျော်လွန်နေထိုင်မှုနဲ့ ထပ်တိုး စွဲချက်တင်ခဲ့ပါတယ်။
ဖမ်းဆီးရေးအဖွဲ့က ဥပဒေအရ အရေးယူမှုတွေပြုလုပ်ဖို့ သံသယရှိသူတွေကို ဒေသန္တရရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါတယ်။ တရားမဝင် မူးယစ်ဆေးဝါး ရောင်းချမှုမှာပါဝင်သူတွေကို ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ကိုးကား – Bangkok Post
Ref; Myanmar brothers arrested for drug use, visa overstay
#Ayeyarwaddy_Times