ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်

ရန်ကုန်မြစ်အတွင်း ဩဂုတ်လ ၆ ရက်ကာလအတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၀၁ ပေခန့်အထိ ထူးကဲဒီရေတက်နိုင်ကြောင်း စစ်ကောင်စီ၏ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဇူလိုင် ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ထုတ်ပြန်ချက်တွင် ရန်ကုန်မြစ်အတွင်း ခန့်မှန်းဒီရေအမြင့်သည် အခြေခံ ရေစစ်မျဉ်းအထက်အမြင့် ၂၀ ပေ ကျော်လွန်နိုင်သဖြင့် မြစ်ကမ်းနားနေထိုင်သူပြည်သူများ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရန် အသိပေးကြောင်း ပါဝင်သည်။

သို့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ် ၂၀၁၄ – ၂၀၁၅ ခုနှစ်တွင် ရန်ကုန်မြစ်အတွင်း အခြေခံ ရေစစ်မျဉ်းအထက် အမြင့်ပေ ၂၂ ပေခန့်ထိတက်ခဲ့၍ စိုးရိမ်ဖွယ်မရှိကြောင်း မြန်မာဆိပ်ကမ်း အာဏာပိုင်က ထုတ်ပြန်သည်။

ရန်ကုန်မြစ်တွင် ထူးကဲဒီရေ မြင့်တက်မည်ဖြစ်၍ မြစ်အတွင်းသွားလာနေသည့် စက်တပ်သမ္ဗန်များ သတိပြုရန်၊ ကြံ့ခိုင်မှုစစ်ရေးရန်အပါအဝင် သမ္ဗန်စီးရာတွင် အသက်ကယ်အင်္ကျီ Life Jacket ဝတ်ဆင်ရန်နှင့် သတ်မှတ် ခရီးသည် ဦးရေထက် ပိုမိုတင်ဆောင်ခြင်း မပြုရန်လိုအပ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့က ဆိပ်ကြီးခနောင်တိုမှနေ၍ ကြည်မြင့်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းသို့ ကူးလာသည့် သမ္ဗန်တိမ်းမှောက်မှုကြောင့် ကျောင်းသားများအရွယ်အပါအဝင် ခရီးသည် ရှစ်ဦးသေဆုံး ခဲ့သည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ရန်ကုန်မြစ်အတွင်း #ထူးကဲဒီရေမြင့်တက်မည် #Ayeyarwaddy_Times