ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးစစ်မျက်နှာတွင် ရွေးတုအစိုးရစစ်တပ်က စစ်ရေးလှုပ်ရှားမှုများ ပြန်လည်ပြုလုပ်လာပြီး စစ်ယာဉ်တန်းများဖြင့် ရိက္ခာနှင့် ခဲယမ်း ဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ၏ ကွပ်ကဲမှုအပြောင်းအလဲများ ပြုလုပ်ပြီးနောက်ပိုင်း ညောင်ကျိုး စစ်မျက်နှာကို ပြန်လည်အသက်သွင်းရန် ရွေးတုအစိုးရစစ်တပ်က ကြိုးပမ်းလာခြင်းဖြစ်ပြီး ဆင်လန် စခန်းဘက်မှ စစ်ကြောင်းများက လေလာတောင်ကြောကို ဖြတ်ကာ ညောင်ကျိုးစခန်းဘက်သို့ ဦးတည်လှုပ်ရှားလာခြင်း ဖြစ်သည်။

ယင်းသို့ နယ်မြေစိုးမိုးရေး ကြိုးပမ်းလာမှုကြောင့် ညောင်ကျိုးရိုးတစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဆင်တဲဘက်မှ စစ်ယာဉ်တန်း ရှစ်စီးသည် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းကညောင်ခြေထောက်ရှိ အမှတ် (၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၆) အတွင်းသို့ အစောင့်အရှောက် အနည်းငယ်ဖြင့် ဝင်ရောက်သွားခဲ့ပြီး အဆိုပါ ယာဉ်တန်းသည် ရှေ့တန်းစစ်မျက်နှာအတွက် ရိက္ခာနှင့် ခဲယမ်းများ လာရောက်ဖြည့်တင်းခြင်း ဖြစ်နိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

အလားတူ ရွေးတုအစိုးရစစ်တပ်သည် ပဲခူးတိုင်းအရှေ့ခြမ်းဘက်တွင်လည်း စစ်ကြောင်းလှုပ်ရှားမှုများ ရှိနေပြီး မွန်ပြည်နယ်၊ သိမ်ဇရပ်ကို အခြေပြုထားသည့် တပ်မဟာ (၄ လက်အောက်ခံ စစ်ကြောင်းများသည် ရွှေကျင်မြို့နယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသည်။ အဆိုပါ စစ်ကြောင်းများသည် ပွိုင့် ၄၈၀ တောင်ကုန်း၏ အရှေ့မြောက်ဘက် နယ်မြေများသို့ ဆက်လက်ရွေ့လျားနေဆဲ ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

အလားတူ စစ်တပ်သည် ပဲခူးတိုင်းအရှေ့ခြမ်းဘက်တွင်လည်း စစ်ကြောင်းလှုပ်ရှားမှုများ ရှိနေပြီး မွန် ပြည်နယ် သိမ်ဇရပ်ကို အခြေပြုထားသည့် တပ်မဟာ ၄ လက်အောက်ခံ စစ်ကြောင်းများသည် ရွှေကျင်မြို့နယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသည်။

အဆိုပါ စစ်ကြောင်းများသည် ပွိုင့် ၄၈၀ တောင်ကုန်း၏ အရှေ့မြောက်ဘက်နယ်မြေများသို့ ဆက်လက် ရွေ့လျားနေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်