သတင်း

UNICEF ရုံးချုပ်မှ ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီ၏ ဝန်ကြီးဌာန ၃ ခုနှင့်တွေ့ဆုံပြီး လက်ရှိထောက် ပံ့နေမှုများနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများဆွေးနွေး ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၃ ရက် အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ( UNICEF ) ရုံးချုပ်မှ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာန သုံးခု နှင့် နေပြည်တော်တွင်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီအာဘော် သတင်းစာများတွင် ဖော်ပြ ထားသည်။ UNICEF မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Edward Chaker Chaiban ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီ၏ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အပါအဝင် ကျန်းမာရေးဝန်ကြီးဌာနတို့နှင့် ‌‌‌တွေ့ဆုံခဲ့ကြောင်းသိရသည်။ တွေ့ဆုံဆွေးနွေးရာတွင် UNICEF က လက်ရှိထောက်ပံ့နေသောလုပ်ငန်းအစီအစဉ်များ အပါအဝင် UNICEF နှင့် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ကာကွယ်ဆေးတိုးချဲ့ထိုးရေးလုပ်ငန်းများနှင့် အာဟာရဖွံဖြိုးရေးလုပ်ငန်းများ ပိုမို ဆောင်ရွက်နိုင်ရန် ပါဝင်ကြောင်း သိရသည်။ စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် မလုံခြုံမှုများတဖြည်းဖြည်းမြင့်တက်လာပြီး ပြည်တွင်း နေရပ်စွန့်ခွာသူ ၃ ဒသမ ၂ သန်းကျော်ရှိကာ ၄၀ ရာခိုင်နှုန်းသည် ကလေးငယ်များဖြစ်ကြောင်း UNICEF မြန်မာထံက သိရသည်။ လက်ရှိတွင် UNICEF ၏ ထောက်ပံ့မှုဖြင့် ဝမ်းပျက်ဝမ်း လျှောရောဂါကာကွယ် ဆေး ( Oral Cholerae Vaccine ) တိုက်ကျွေးနေကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထံက သိရသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းတွင် တနင်္သာရီတိုင်း၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုများ ဖြစ်ပေါခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်မှ ၁၁ ရက်အတွင်း ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရသူ ၄၀၈ ဦးနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့်ဆေးရုံတက်ရသူ ၁၆၇ ဦး ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထံက သိရသည်။ ဓာတ်ပုံ – MOI #စစ်ကောင်စီဝန်ကြီးဌာနများ #UNICEFရုံးချုပ် #ကိုယ်စားလှယ်အဖွဲ့ #တွေ့ဆုံ #Ayeyarwaddy_Times

ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၃ ရက် အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ( UNICEF ) ရုံးချုပ်မှ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့...
ဧရာဝတီတိုင်းမ်နိုဝင်ဘာ ၁၃ ရက်မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့သွားရောက်တဲ့ မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်သူ ၂၄ ဦး၊ ထိုင်းလူမျိုး ယာဉ်မောင်းတစ်ဦးနဲ့ မြန်မာပွဲစားတစ်ဦးကို အင်္ဂါနေ့က ဟတ်ယိုင်ခရိုင်မှာ...
ဧရာဝတီတိုင်းမ်နိုဝင်ဘာ ၁၂ ရက်ထိုင်ဝမ်က တရုတ်ကို ရန်စနေတယ်ဆိုတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မကြာသေးမီက မှတ် ချက်စကားကို ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ခဲ့ပြီး ပုံမှားရိုက်တဲ့လိမ်လည်မှုတစ်ခုလို့...
ဧရာဝတီတိုင်းမ်(ဖာပွန်)၊ နိုဝင်ဘာ ၁၂ ရက်ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ကူးဆိပ်တံတားလုံခြုံ ရေးစခန်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)...
ဧရာဝတီတိုင်းမ် (မင်းတပ်)၊ နိုဝင်ဘာ ၁၂ ရက် ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် စစ်ကောင်စီတပ်တို့ သုံးရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ...
ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၂ ရက် တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ ညပိုင်းတွင်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၆...
ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၂ ရက် နှစ်စဉ်တန်ဆောင်မုန်းလတွင် ကျင်းပလေ့ရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမီးပုံးပျံ ပွဲတော်ကို ရာသီဥတု ( မိုးရွာသွန်းမှု) ကြောင့် နှစ်ရက်နောက်ဆုတ်ပြီး...
ဧရာဝတီတိုင်းမ်နိုဝင်ဘာ ၁၂ ရက်တော်လှန်ရေးတပ်ဖွဲ့များ၏ မကြာခဏမိုင်းခွဲသတိ ပေးခြင်းကို ခံထားရသည့် တောင်ဒဂုံ (၂၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆိုင်ကယ်ဘေးတွဲမောင်းသူများကို အလှည့်ကျကင်းစောင့်ခိုင်းထားကြောင်း ရပ်ကွက်နေပြည်သူများထံက သိရသည်။စစ်ကောင်စီနှင့်...
ဧရာဝတီတိုင်းမ် (ကျောက်ကြီး)၊ နိုဝင်ဘာ ၁၂ ရက် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့ ပြီးခဲ့သည့် အောက်တိုဘာ ၂၉...