ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ပုသိမ်မြို့ပေါ်ရပ်ကွက်ရှိ မဲရုံများတွင် မဲပေးမည့်သူမရှိ၍ ရပ်ကွက်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့များမှ လိုက်လံခေါ်ထုတ်နေကြောင်း သိရသည်။
ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက်မှ အမှတ် ၁၅ ရပ်ကွက်ရှိ မဲရုံများတွင် မဲရုံဖွင့်ချိန်မှစ၍ ယခုနေ့လည်ပိုင်းအထိ မဲလာပေးသူများ နည်းပါးနေသောကြောင့် ရပ်ကွက်အတွင်း လော်စပီကာအော်ပြီး လိုက်ခေါ်ထုတ်နေခြင်းဖြစ်သည်။
မဲပေးသူများမှာလည်း ကြံ့ခိုင်ရေးပါတီဝင်များနှင့် ဆက်စပ်သူများ၊ စစ်ကော်မရှင်လက်အောက်ခံ Non CDM ဝန်ထမ်းအချို့သာဖြစ်ကြောင်း တွေ့ရှိရပြီး ရပ်ကွက်အတွင်း ပြည်သူများကို ရပ်ကျေးအဖွဲ့များက လော်စပီကာများဖြင့်အော်ပြီး လိုက်ခေါ်နေကြောင်း သိရသည်။
ပုသိမ်မြို့တွင် ရပ်ကျေးမဲရုံ ၁၉၃ ရုံ၌ မဲပေးသူ နည်းပါးနေပြီး တပ်မဲရုံ ၂၁ တွင်သာ မဲပေးသူများရှိကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။
ပုသိမ်မြို့နယ်အတွင်းရှိ မဲရုံများတွင် CCTV များတပ်ဆင်ထားပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ၊ ရဲများ၊ ပြည်သူ့စစ်များ၊ မီးသတ်များဖြင့် လုံခြုံရေးချထားသည့်အပြင် မြို့အတွင်းကို ဒီဇင်ဘာ ၂၇ ရက် ညပိုင်း၌ တင့်ကားများ၊ စစ်ကားများဖြင့်ပါ ကင်းပတ်ကြောင်း သိရသည်။