ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်
ရှမ်းပြည်နယ် ( တောင်ပိုင်း) ပင်လုံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ ( နိုဝင်ဘာ ၁၀ ) ရက်နေ့တွင် ပင်လုံ – လဲချားကားလမ်းမကြီး မိုင်တိုင်အမှတ် ၈/၁ မိုင်နှင့် ၈/၂ မိုင်ကြားတွင် ရေကျော်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
ယခုနှစ်ရက်အတွင်း ရှမ်းပြည်နယ်( တောင်ပိုင်း) မြို့များဖြစ်သည့် ပင်လုံ၊ ကလော၊ ညောင်ရွှေ၊ ရွှေညောင် နှင့် တောင်ကြီးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိပြီး အချို့မြို့များ၌ ချောင်းရေလျှံမှုကြောင့် ရေကြီးရေလျှံနေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ပင်လုံ – လဲချားလမ်းမကြီးရေကျော်မှုကြောင့် ဖြတ်သန်းသွားလားနေသော အများပြည်သူများနှင့် ကားများဘေးကင်းရေးဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလောမြို့အဝင်တွင် တောင်သားမြေပြိုမှုဖြစ်ပေါ်ခဲ့ပြီး ယခုအခါတွင် လမ်းကြောင်းပြန်လည်ပြန်ဆင်ပြီး ကားများပုံမှန်အတိုင်းသွား၍ရကြောင်း ကလောမြို့ခံတစ်ဦးထံမှ သိရသည်။
လာမည့်နှစ်ရက်အတွင်း ရှမ်းပြည်တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။
ဓာတ်ပုံ -MFS , လူမှုကွန်ရက်