ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၃ ရက် စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးမှုများပြားနေသဖြင့် လေကြောင်းမှ စစ်လေယာဉ်မျိုးစုံသုံးကာ ဗုံးကြဲတိုက်ခိုက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။ စစ်ကောင်စီသည်...
ဧရာဝတီတိုင်းမ် (ချင်း)၊ နိုဝင်ဘာ ၁၃ ရက် ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် မင်းတပ်မြို့တို့တွင် ချင်းညီနောင်ကမြို့သိမ်းတိုက်ပွဲများဆင်နွှဲနေပြီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်းသိရသည်။ ဖလမ်းမြို့ကို ပြီးခဲ့သည့်...
ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၃ ရက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်း ဆင်းပွဲကိုတအာင်း ထိန်းချုပ်နယ်မြေတစ်နေရာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်...
UNICEF ရုံးချုပ်မှ ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီ၏ ဝန်ကြီးဌာန ၃ ခုနှင့်တွေ့ဆုံပြီး လက်ရှိထောက် ပံ့နေမှုများနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများဆွေးနွေး ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၃ ရက် အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ( UNICEF ) ရုံးချုပ်မှ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာန သုံးခု နှင့် နေပြည်တော်တွင်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီအာဘော် သတင်းစာများတွင် ဖော်ပြ ထားသည်။ UNICEF မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Edward Chaker Chaiban ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီ၏ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အပါအဝင် ကျန်းမာရေးဝန်ကြီးဌာနတို့နှင့် ‌‌‌တွေ့ဆုံခဲ့ကြောင်းသိရသည်။ တွေ့ဆုံဆွေးနွေးရာတွင် UNICEF က လက်ရှိထောက်ပံ့နေသောလုပ်ငန်းအစီအစဉ်များ အပါအဝင် UNICEF နှင့် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ကာကွယ်ဆေးတိုးချဲ့ထိုးရေးလုပ်ငန်းများနှင့် အာဟာရဖွံဖြိုးရေးလုပ်ငန်းများ ပိုမို ဆောင်ရွက်နိုင်ရန် ပါဝင်ကြောင်း သိရသည်။ စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် မလုံခြုံမှုများတဖြည်းဖြည်းမြင့်တက်လာပြီး ပြည်တွင်း နေရပ်စွန့်ခွာသူ ၃ ဒသမ ၂ သန်းကျော်ရှိကာ ၄၀ ရာခိုင်နှုန်းသည် ကလေးငယ်များဖြစ်ကြောင်း UNICEF မြန်မာထံက သိရသည်။ လက်ရှိတွင် UNICEF ၏ ထောက်ပံ့မှုဖြင့် ဝမ်းပျက်ဝမ်း လျှောရောဂါကာကွယ် ဆေး ( Oral Cholerae Vaccine ) တိုက်ကျွေးနေကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထံက သိရသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းတွင် တနင်္သာရီတိုင်း၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုများ ဖြစ်ပေါခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်မှ ၁၁ ရက်အတွင်း ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရသူ ၄၀၈ ဦးနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့်ဆေးရုံတက်ရသူ ၁၆၇ ဦး ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထံက သိရသည်။ ဓာတ်ပုံ – MOI #စစ်ကောင်စီဝန်ကြီးဌာနများ #UNICEFရုံးချုပ် #ကိုယ်စားလှယ်အဖွဲ့ #တွေ့ဆုံ #Ayeyarwaddy_Times

ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၃ ရက် အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ( UNICEF ) ရုံးချုပ်မှ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့...
ဧရာဝတီတိုင်းမ်နိုဝင်ဘာ ၁၃ ရက်မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့သွားရောက်တဲ့ မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်သူ ၂၄ ဦး၊ ထိုင်းလူမျိုး ယာဉ်မောင်းတစ်ဦးနဲ့ မြန်မာပွဲစားတစ်ဦးကို အင်္ဂါနေ့က ဟတ်ယိုင်ခရိုင်မှာ...
“လူ့အခွင့်အရေးချိုးဖောက်မှုပြောရမယ်ဆို ဘယ်သူကပဲ ချိုးဖာက်ဖောက် လူ့အခွင့်အရေး ချိုးဖောက်သူ မှန်သမျှက တာ၀န်ယူမှု တာ၀န်ခံမှုရှိရမယ်။ ဒီနောက်ပိုင်းတွေ့လာရတာက စစ်ကောင်စီကနေပဲ မဟုတ်ဘဲ တော်လှန်ရေး အင်အားစုတွေက ချိုးဖောက်တာတွေပါ...
ဧရာဝတီတိုင်းမ်နိုဝင်ဘာ ၁၂ ရက်ဥရောပသမဂ္ဂဟာ ရုရှားနဲ့စစ်ပွဲအတွက် ယူကရိန်းနိုင်ငံသို့ အမြောက်ကျည် ၉၈၀၀၀၀ ကျော် ထောက်ပံ့ခဲ့သလို ဒီနှစ်အကုန်မှာ အမြောက်ကျည်တစ်သန်းပြည့်အောင် ထောက်ပံ့မယ်လို့ အီးယူ နိုင်ငံ...
“နိုင်ငံရေးအကျဥ်းသားများ သတ်ဖြတ်ရေးအဖွဲ့”ကာတွန်း – လက်ပံတန်း#Ayeyarwaddy_Times #ကာတွန်း #လက်ပံတန်း
ဧရာဝတီတိုင်းမ်နိုဝင်ဘာ ၁၂ရက်ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ ခမရ ၃၄၆နှင့် ခမရ ၅၄၄တို့ အာရက္ခတပ်တော် (AA) ၏ တိုက်ခိုက်မှုကို ခံနေရပြီး...
ဧရာဝတီတိုင်းမ်နိုဝင်ဘာ ၁၂ ရက်ထိုင်ဝမ်က တရုတ်ကို ရန်စနေတယ်ဆိုတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မကြာသေးမီက မှတ် ချက်စကားကို ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ခဲ့ပြီး ပုံမှားရိုက်တဲ့လိမ်လည်မှုတစ်ခုလို့...