ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

အဖွဲ့ဝင် ၁၁ နိုင်ငံပါ အာဆီယံအဖွဲ့ဟာ မြန်မာမှာ အဆင့် (၃) ဆင့်နဲ့ပြုလုပ်နေတဲ့ ရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာမဟုတ်သလို ရွေးကောက်ပွဲကိုလည်း မထောက်ခံဘူးလို့ မလေး ရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ယနေ့ ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးကို တရားဝင်မှုရရှိစေမယ့် လုပ်ကြံဇာတ်တစ်ခုလို့ ကုလသ မဂ္ဂ၊ အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။

မဲပေးသူအရေအတွက် နည်းပါးခဲ့တဲ့ ရွေးကောက်ပွဲ ပထမအဆင့်မှာ မြန်မာစစ်တပ် ကျော ထောက်နောက်ခံ USDP က ၈၈ ရာခိုင်နှုန်း အနိုင်ရထားပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ကွာလာလမ်ပူမြို့တော်မှာကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ရွေး ကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့ မြန်မာနိုင်ငံရဲ့ မေတ္တာရပ်ခံချက်ကို အာဆီယံအဖွဲ့က ပယ်ချခဲ့တယ်လို့ မိုဟာမက်ဟတ်ဆန်က မလေးရှားလွှတ်တော်မှာ ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်လို တဲ့ဆန္ဒရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“အာဆီယံအဖွဲ့ဟာ မြန်မာရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာမဟုတ်သ လို ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးဆိုတာ ကျွန်တော်တို့ ပြောကြားခဲ့ပြီးပါပြီ” လို့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မလေးရှားနဲ့ အာဆီယံအဖွဲ့ရပ်တည်ချက်ကို လွှတ်တော်အမတ်တစ်ဉီးက မေးမြန်းခဲ့ရာ ၎င်း က ယင်းသို့ ဖြေကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ အရပ်သားအစိုးရကို စစ်တပ်ကဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင် ငံမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာပါ။

ကိုးကား – Reuters
Ref; ASEAN will not certify Myanmar election or send observers, Malaysia says