ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဒိန်းမတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်ကျွန်းကို ဝယ်ယူရေး တွန်းအားပေးမှုကြောင့် တင်းမာမှုတွေ မြင့်တက်နေစဉ် အမေရိကန်စစ်တပ်က စစ်လေယာဉ်တွေ ဂရင်း လန်ကျွန်းသို့ စေလွှတ်လိုက်တယ်လို့ မြောက်အမေရိကန် အာကာသကာကွယ်ရေးဌာနချုပ် (NORAD) က ပြောပါတယ်။
“NORAD မှ တိုက်လေယာဉ်တွေဟာ မကြာမီ ဂရင်းလန်ကျွန်းရှိ Pituffik လေတပ်အခြေစိုက်စ ခန်းကို ရောက်ရှိလာပါလိမ့်မယ်” လို့ အမေရိကန်-ကနေဒါ ပူးတွဲ ကာကွယ်ရေးအဖွဲ့အစည်းဖြစ်တဲ့ NORAD က လူမှုကွန်ရက် X မှာ ပြောပါတယ်။
တိုက်လေယာဉ်တွေ စေလွှတ်တာဟာ အမေရိကန်၊ ကနေဒါနဲ့ ဒိန်းမတ်နိုင်ငံတွေကြား ကာကွယ် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို အခြေခံပြီး တည်ဆောက်ထားတဲ့ ရေရှည် လုပ်ဆောင်ချက်တွေရဲ့ တစ်စိတ်တစ်ပိုင်းလို့ NORAD က ဆိုပါတယ်။
ဂရင်းလန်ကျွန်းသို့ တိုက်လေယာဉ်တွေ စေလွှတ်ဖို့ကိစ္စအား ဒိန်းမတ်နိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ ပြီး ဂရင်းလန်ကျွန်းကိုလည်း အကြောင်းကြားခဲ့တယ်လို့ NORAD က ဆက်ပြောပါတယ်။
အမေရိကန်ရဲ့ စစ်လေယာဉ်တွေဟာ မြောက်အမေရိကတိုက်ကို ကာကွယ်မယ့် ပုံမှန် စစ်ဆင်ရေး တွေကို ပံ့ပိုးသွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Pituffik လေတပ်အခြေစိုက်စခန်းဟာ ဂရင်းလန်ကျွန်းအနောက်မြောက်ပိုင်းရှိ အမေရိကန်စစ် တပ်ရဲ့ ဆက်သွယ်ရေး အချက်အချာဖြစ်ပြီး ဒုံးကျည်သတိပေးစနစ်တစ်ခု ရှိပါတယ်။
ဂရင်းလန်ကျွန်းဟာ မဟာဗျူဟာကျကျ တည်ရှိမှု၊ သတ္တုအရင်းအမြစ်တွေ ပေါကြွယ်ဝမှု၊ ရုရှားနဲ့ တရုတ်တို့ တပ်စွဲလာနိုင်မှုကြောင့် ဒေါ်နယ်ထရမ့်ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။
ဒိန်းမတ်နဲ့ ဂရင်းလန်ကျွန်းတို့က အဆိုပါအာတိတ်ပိုင်နက်ကို အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးဖို့ ဘယ်လို အဆိုပြုချက်မျိုးကိုမဆို ပယ်ချခဲ့ပါတယ်။
ကိုးကား – TRT World
Ref; US deploys aircraft to Greenland base amid Trump takeover tensions