ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်
စပိန်နိုင်ငံတောင်ပိုင်းမှာ မြန်နှုန်းမြင့်ရထားနှစ်စင်း တိုက်မိခဲ့ရာ လူ ၂၁ ဦး သေဆုံးခဲ့ပြီး ၃၀ ဉီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ စပိန် ပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။
တနင်္ဂနွေနေ့ညပိုင်းက အန်ဒါလူရှားဒေသ၊ ကော်ဒိုဘာမြို့ ဆင်ခြေဖုံးမှာ ရထားချင်းတိုက်မိတဲ့ဖြစ် စဉ် ဖြစ်ပွားခဲ့တာပါ။
မာလာဂါမြို့မှ ရီးယဲမက်ဒရစ်မြို့သို့ မောင်းနှင်တဲ့ မြန်နှုန်းမြင့်ရထားတစ်စင်းဟာ လမ်းချော်ကာ ကမ်းလျက်ရထားလမ်းပေါ်မှာ ဆန့်ကျင်ဘက်ကို မောင်းနှင်နေတဲ့ အခြားရထားတစ်စင်းကို တိုက်မိခဲ့တာ ပါ။
ဒဏ်ရာရရှိသူတွေကို ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ စပိန် ပို့ဆောင်ရေးဝန်ကြီး အော်စ ကာပွန်တေးက ပြောပါတယ်။
လမ်းချော်တဲ့ မြန်နှုန်းမြင့်ရထားမှာ ခရီးသည် ၃၀၀ ဉီးကျော် တင်ဆောင်ခဲ့ပြီး အခြားရထားမှာ လူ ၁၀၀ ခန့် ပါရှိတယ်လို့ သိရပါတယ်။
ရထားတိုက်မိတဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ ခရီး သည်တွေကို ရထားတွဲပြတင်းပေါက်တွေမှတစ်ဆင့် ရွှေ့ပြောင်းနေပြီး ခရီးသည်အချို့ ရထားထဲမှာ ပိတ် မိနေတာကို စပိန် နိုင်ငံပိုင်ရုပ်သံဌာနက ထုတ်လွှင့်ပြပါတယ်။
အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အစိုးရဟာ ခရီးသည်တွေကို ကယ်ဆယ်ဖို့ သက် ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က လူမှု ကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Spain high-speed train derailment and collision kill 21, injure 30