နိုင်ငံတကာ

ဝန်ကြီးချုပ်လောင်း ပီတက ရွေးကောက်ပွဲဥပဒေ ချိုးဖောက်ခဲ့ဖွယ်ရှိလို့ ထိုင်း ရွေး/ကော် ပြော ဧရာဝတီတိုင်းမ် ဇူလိုင်လ ၁၂ ရက် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း Move Forward Party ခေါင်းဆောင် ပီတလင်ဂျာရိုရတ်က ရွေး ကောက်ပွဲဥပဒေကို ချိုးဖောက်ခဲ့တဲ့ အထောက်အထားတွေ့ရှိတာကြောင့် အဆုံးအဖြတ်ခံယူဖို့ ဖွဲ့စည်းပုံဆိုင်ရာခုံ ရုံးသို့ အမှုကို လွှဲပြောင်းပေးခဲ့တယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က ပြောကြားလိုက်ပါတယ်။ ဆုံးဖြတ်ချက်ချမှတ်ချိန်အထိ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ပီတကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်ဆိုင်း နိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဆုံးဖြတ်ချက်မချရသေးတာကြောင့် အခြေခံမူအားဖြင့် ဝန်ကြီးချုပ်သစ်တစ်ဉီး ရွေးကောက်မယ့် လွှတ်တော်က ပီတကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုနိုင်တော့မှာမဟုတ်ပါဘူး။ မေလအတွင်းပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ Move Forward Party က ပမထမနေရာမှ အနိုင်ရ ရှိကာ လွှတ်တော်ကိုယ်စားလှယ် ၅၀၀ ရှိတဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ၁၅၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။ Move Forward Party က အစိုးရသစ်တစ်ရပ်ဖွဲ့စည်းဖို့ အခြားပါတီရှစ်ခုနဲ့ ညွန့်ပေါင်းအဖွဲ့အဖြစ် ပူး ပေါင်းခဲ့ရာ အမတ်နေရာ ၃၁၂ နေရာအထိ ရရှိခဲ့ပါတယ်။ သို့သော်လည်း ပီတ ဝန်ကြီးချုပ်ဖြစ်ရေး မဲဆန္ဒပြုရွေးချယ်ရာမှာ ရှေးရိုးစွဲ အထက်လွှတ်တော်အမတ် ၂၅၀ ရဲ့ မဲပေးရွေးချယ်ဖို့လည်း လိုအပ်ရာ သူအနေနဲ့ ဝန်ကြီးချုပ်ဖြစ်ဖို့ အခက်အခဲတွေရှိနေပြန်ပါတယ်။ မီဒီယာကုမ္ပဏီတစ်ခုမှာ အစုရှယ်ယာတွေပိုင်ဆိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြိုင်ဘက်ပါတီတစ်ခုမှ လွှတ်တော်အမတ်တစ်ဉီးက ပီတကို ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ပီတက မေလရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံဖို့ အရည်အချင်းမပြည့် မီရင် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကာ ရွေးကောက်ပွဲသစ်ကျင်းပရမယ်လို့ အိမ်စောင့်အစိုးရ ဒုတိယဝန်ကြီး ချုပ် ဝစ်ဆာနူက ပြောပါတယ်။ အာဏာရပါတီက အာဏာဆက်ထိန်းနိုင်ဖို့ အတိုက်အခံတွေအပေါ် ညစ်ပတ်တဲ့နည်းလမ်း အသုံးပြုမှာကို ထိုင်းပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။ ကိုးကား – AP Ref; Thailand’s Election Commission says top candidate for prime minister may have broken election law #Ayeyarwaddy_Times

ဧရာဝတီတိုင်းမ် ဇူလိုင်လ ၁၂ ရက် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း Move Forward Party ခေါင်းဆောင် ပီတလင်ဂျာရိုရတ်က ရွေး ကောက်ပွဲဥပဒေကို ချိုးဖောက်ခဲ့တဲ့ အထောက်အထားတွေ့ရှိတာကြောင့်...
ဧရာဝတီတိုင်းမ် ဇူလိုင်လ ၁၂ ရက် ထိုင်းဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာဟာ ပြန်လည်ရွေးကောက်ခံမှာမဟုတ်ဘဲ နိုင်ငံရေးမှ အနားယူမယ် လို့ သူရဲ့ပါတီက ဇူလိုင်လ ၁၁ ရက်မှာ...
ဧရာဝတီတိုင်းမ် ဇူလိုင်လ ၁၂ ရက် တွစ်တာရဲ့ပြိုင်ဘက် အမေရိကန် နည်းပညာကုမ္ပဏီကြီး Meta ရဲ့ လူမှုကွန်ရက် အပလီကေးရှင်းသစ် တစ်ခုဖြစ်တဲ့ Threads ဟာ...
ဧရာဝတီတိုင်းမ် ဇူလိုင်လ ၁၁ ရက် ရုရှားကျူးကျော်စစ်စတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဒီနှစ် မေလနှောင်းပိုင်းအထိ ကျဆုံးခဲ့တဲ့ ရုရှား တပ်ဖွဲ့ဝင်အရေအတွက်ဟာ အကြမ်းဖျင်းအားဖြင့်...
ဧရာဝတီတိုင်းမ် ဇူလိုင်လ ၁၀ ရက် ပိုလန်နိုင်ငံဟာ မကြာသေးမီက ယူကရိန်းသို့ ဆိုဗီယက်ပြည်ထောင်စုခေတ်က ထုတ်လုပ်ခဲ့တဲ့ Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်ဒါဇင်ခန့် လျှို့ဝှက် လွှဲပြောင်းပေးခဲ့တယ်လို့...
ဧရာဝတီတိုင်းမ် ဇူလိုင်လ ၁၀ ရက် ဆီးရီးယားနိုင်ငံအရှေိ့ပိုင်းမှာ အမေရိကန်နိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ISIS ခေါင်း ဆောင် ဆူစမာအဘ်လ်မူဟာဂျာ သေဆုံးခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်...
ဧရာဝတီတိုင်းမ် ဇူလိုင်လ ၁၀ ရက် လေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ အမေရိကန် သူလျှိုလေယာဉ်တစ်စင်းကို ပစ်ချမယ်လို့ မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်လိုက်ပါတယ်။ အခုလိုဖြစ်စဉ်ဟာ မကြာသေးမီလတွေအတွင်း မြောက်ကိုရီးယားနိုင်ငံရဲ့...
ဧရာဝတီတိုင်းမ် ဇူလိုင်လ ၉ ရက် နှစ်နိုင်ငံကြား တင်းမာနေတဲ့ ဆက်ဆံရေးကို ဖြေလျှော့ဖို့ရည်ရွယ်ကာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲ နက်ယဲလန် ပေကျင်းမြို့တော်သို့ သွားရောက်နေစဉ်...
ဧရာဝတီတိုင်းမ် ဇူလိုင်လ ၉ ရက် ရုရှားတပ်ဖွဲ့တွေအပေါ် တန်ပြန်ထိုးစစ်ဆင်နေတဲ့ ယူကရိန်းသို့ ကလပ်စတာဗုံးတွေ ထောက်ပံ့မယ်လို့ အ မေရိကန်အစိုးရက ဇူလိုင်လ ၇ ရက်မှာ...
ဧရာဝတီတိုင်းမ် ဇူလိုင်လ ၇ ရက် ရုရှားကြေးစားတပ်ဖွဲ့ ဝဂ္ဂနာအဖွဲ့ခေါင်းဆောင် ယက်ဂျီနီပရီဂိုဇင်ဟာ ရုရှားနိုင်ငံမှာ ပြန်ရောက်နေပြီလို့ ဘီလာရုဇ်သမ္မတ လူကာရှန်ကိုက ပြောကြားလိုက်ပါတယ်။ ပရီဂိုဇင်ဟာ ဘီလာရုဇ်နိုင်ငံမှာ...