ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်

တရုတ်နိုင်ငံ၊ နန်ကျင်းမြို့တွင် နေထိုင်သည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် အမျိုးသမီး ဟန်ဆောင်၍ သုံးနှစ်အတွင်း အမျိုးသားထောင်ချီနှင့် လိင်ပိုင်းဆိုင်းရာဆက်ဆံမှုပြုလုပ်ခဲ့ခြင်းကို လျှို့ဝှက်ဗီဒီယို ရိုက်ကူးခဲ့ပြီး ၎င်းကို ရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဆိုရှယ်မီဒီယာတွင် နာမည်ကြီးနေသည့် အနီရောင်ဦးလေး ခေါ် မမဟုန် သည် အမျိုးသား ၁၆၉၁ ဦးကို လိင်ဆက်ဆံရန်ဆွဲဆောင်ခဲ့ပုံနှင့် လိင်ပိုင်းဆိုင်ရာဆက်ဆံခဲ့သည့် ဗီဒီယိုများကို တရုတ်လူမှုကွန်ရက် မီဒီယာတွင် ပေါက်ကြားစေခဲ့ခြင်းဖြစ် သည်။

တရုတ်နိုင်ငံတွင် လိင်တူဆက်ဆံမှုသည် တရားမ၀င်သော်လည်း ဥပဒေအရအရေးယူနိုင်ခြင်းမရှိပဲ ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာဓာတ်ပုံ၊ ဗီဒီယိုများ ဖြန့်ဝေခြင်းကိုမူ ဥပဒေအရ အရေးယူနိုင်ပြီး ကိုယ်ရေး ကိုယ်တာအခွင့်အရေးများ ချိုးဖောက်ခံရမှုမှာလည်း ရာဇဝတ်မှုမြောက်သည့်အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဗီဒီယိုများ ပေါက်ကြားမှုကို ရဲတပ်ဖွဲ့ကအတည်ပြုခဲ့ပြီး အမျိုးသား ၁၀၀၀ ကျော်ပါဝင်ကြောင်း ကိုမူ ငြင်းဆိုထားကာ ဖြစ်စဉ်ပါဝင်ခဲ့သည့် အမျိုးသား အရေအတွက်ကို ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။

ဆိုရှယ်မီဒီယာများတွင် အနီရောင်ဦးလေး(မမဟုန်) နှင့် လိင်ပိုင်းဆိုင်ရာဆက်ဆံမှုများပြုလုပ်ခဲ့သူ အမျိုးသားများ၏ ကိုယ်ရေး ကိုယ်တာအချက်အလက်များစွာ ပေါက်ကြားခဲ့ပြီးနောက် နိုင်ငံတွင်း ကျန်းမာရေးအခြေအနေများနှင့် အိမ်ထောင်ရေး သစ္စာရှိမှုများအတွက် ကြောက်ရွံ့မှုများလည်း ပေါ်ပေါက် ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်ကြောင့် လူအများအပြားသည် လိင်မှတဆင့်ကူးစက်တတ်သည့်ရောဂါများ၏ အန္တရာယ် ကို စိုးရိမ်လာကြပြီး ဒေသတွင်းကျန်းမာရေးအရာရှိများကမူ သင့်လျော်သည့် ကျန်းမာရေးစီမံချက် များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“သင်က အနီးကပ်ဆက်ဆံရေးရှိခဲ့ပြီး ကျန်းမာရေးအတွက် စိတ်ပူပန်မှုရှိတယ်ဆိုရင် ကျွန်တော်တို့ဆီ အချိန်မရွေး စမ်းသပ်ဖို့လာနိုင်ပါတယ်” ဟု နန်ကျင်းမြို့မှ ကျန်းမာရေးအရာရှိတစ်ဦး ကပြောဆိုခဲ့သည်။

ကိုးကား – Reuters