
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်
အစ္စရေးနိုင်ငံသို့ ဉီးတည်သွားနေတဲ့ ကုန်တင်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ရာ အဆိုပါသင်္ဘော နစ်မြုပ်သွားခဲ့တယ်လို့ ယီမင်နိုင်ငံရှိ ဟူသီသူပုန်တွေက ပြောပါတယ်။
ဒီသီတင်းပတ်အတွင်း ဒုတိယမြောက်ဖြစ်စဉ်ဖြစ်တဲ့ ယခုတိုက်ခိုက်မှုကြောင့် ပင်လယ်နီဝန်းကျင် ရှိ ရေပိုင်နက်အတွင်း ရေကြောင်းမောင်းနှင်မှုအတွက် စိုးရိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။
ဒုတိယမြောက် ကုန်တင်သင်္ဘောနစ်မြုပ်အောင် တိုက်ခိုက်ခဲ့တယ်လို့ ဟူသီအဖွဲ့ ပြောရေးဆိုခွင့် ရှိသူက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ တနင်္လာနေ့ကလည်း ဟူသီအဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် ကုန် တင်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပါတယ်။
ဒုတိယမြောက် တိုက်ခိုက်မှုလုပ်ဆောင်တဲ့ လူမှုကွန်ရက်မှာတင်ခဲ့တဲ့ ရုပ်သံဖိုင်မှာ သင်္ဘောတစ် စင်း နစ်မြုပ်တာကို ပြသပါတယ်။ တိုက်ခိုက်မှုမှာ ခရုဇ်ဒုံးကျည်နဲ့ ပဲ့ထိန်းဒုံးကျည်ခြောက်စင်း ပါဝင်ခဲ့ တယ်လို့ သိရပါတယ်။
ယီမင်ရေတပ်မှ အထူးတပ်ဖွဲ့ဝင်တွေဟာ ကုန်တင်သင်္ဘောအမှုထမ်းတွေကို ကယ်တင်ခဲ့တယ်လို့ ရုပ်သံဖိုင်ပို့စ်က ဆိုပါတယ်။
နစ်မြုပ်ကုန်တင်သင်္ဘောမှ လူ ၁၀ ဉီးကို ကယ်ဆယ်ခဲ့ပြီး လေးဉီး သေဆုံးကာ ၁၁ ဉီး ပျောက်ဆုံး နေဆဲလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အဆိုပါကုန်တင်သင်္ဘောဟာ လိုက်ဘေးရီးယားအလံနဲ့ မောင်းနှင်ခဲ့တာလို့ သင်္ဘောခြေရာခံဝဘ် ဆိုဒ် Marine Traffic က ဖော်ပြခဲ့ပါတယ်။
အစ္စရေးကို တိုက်ခိုက်ရာမှာ ဟားမာစ်အဖွဲ့နဲ့ သွေးစည်းညီညွတ်မှု ပြသဖို့ ဟူသီအဖွဲ့ဟာ ၂၀၂၃ ခု နှစ်၊ နိုဝင်ဘာလနောက်ပိုင်း ပင်လယ်နီဝန်းကျင်မှာ သင်္ဘောတွေကို တိုက်ခိုက်မှု စတင်ခဲ့ပါတယ်။
ပင်လယ်နီအတွင်း မောင်းနှင်တဲ့ သင်္ဘောတွေကို တိုက်ခိုက်မှု ရပ်တန့်ဖို့ ဟူသီအဖွဲ့က ယခုနှစ် မေလအတွင်း အမေရိကန်နိုင်ငံနဲ့ သဘောတူခဲ့ပါတယ်။
ကိုးကား – NHK
Ref; Houthi attack sinks second cargo vessel this week