ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်
နှစ်နိုင်ငံကြား တင်းမာနေတဲ့ ဆက်ဆံရေးကို ဖြေလျှော့ဖို့ရည်ရွယ်ကာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲ နက်ယဲလန် ပေကျင်းမြို့တော်သို့ သွားရောက်နေစဉ် တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီးသို့ စစ်သင်္ဘောတွေ၊ တိုက် လေယာဉ်တွေ စေလွှတ်ခဲ့ပါတယ်။
အခြေအနေကို စောင့်ကြည့်နေပြီး အခြေအနေကိုတုံ့ပြန်ဖို့ တိုက်လေယာဉ် ၁၃ စင်း၊ စစ်သင်္ဘော ၆ စင်းနဲ့ မြေပြင်အခြေပြုဒုံးကျည်စနစ်တွေကို အသင့်ပြင်ဆင်ထားတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါ တယ်။
တရုတ်လေတပ်မှ Su-30 ဂျက်တိုက်လေယာဉ်တွေ အပါအဝင် တိုက်လေယာဉ် ၄ စင်းက နှစ်နိုင်ငံကြား နယ်နိမိတ်ဖြစ်တဲ့ ကြားခံမျဉ်းအတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်က ပြောပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို လက်အောက်ခံပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ကာ လိုအပ်ရင် အင်အားသုံး သိမ်းပိုက်မယ်လို့ဆိုကာ တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ ပုံမှန်ဆိုသလို စေလွှတ်ပါတယ်။
၁၉၄၉ ခုနှစ် ပြည်တွင်းစစ်မှာ တရုတ်ပြည်မမှ ခွဲထွက်လာတဲ့ ထိုင်ဝမ်ကျွန်းကို အမေရိကန်နိုင်ငံက ထောက်ခံပြီး ပေကျင်းနဲ့ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်နေပါတယ်။
ဂျဲနက်ယဲလန် ပေကျင်းမြို့တော်ကို ရောက်ရှိလာပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းဌာနချုပ်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
ကျင်းစုပြည်နယ်က အရှေ့ပိုင်းစစ်ဌာနချုပ် တပ်မှူးတွေကို မိန့်ခွန်းပြောကြားရာမှာ စစ်ပွဲဆင်နွှဲရေး အ သင့်ပြင်ဆင်ထားဖို့ သမ္မတ ရှီကျင့်ဖျင်က ထည့်သွင်းပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၄၄၀ တန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချမယ့်အစီအ စဉ်ကို တရုတ်နိုင်ငံက အပြင်းအထန် ရှုတ်ချခဲ့ပြီး အမေရိကန်က ထိုင်ဝမ်ကို မတည်မငြိမ်ဖြစ်အောင် လုပ်နေ တယ်လို့ စွပ်စွဲလိုက်ပါတယ်။
ကိုးကား – Sky News
Ref; China sends warships and jets near Taiwan as top US official visits Beijing