ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ အမက(ရေတံခွန်) ကျောင်းတွင်
ဆိုလာတပ်ဆင်ဖို့အကြောင်းပြချက်ဖြင့် ကျောင်းသား ကျောင်းသူများထံမှ ငွေများ အတင်းကောက်ခံနေကြောင်း သိရသည်။
ကျောင်းသားများထံမှခေါင်းစဥ်အမျိုးမျိုးနဲ့လစဥ်ငွေကောက်ခံနေသလို ဆိုလာတပ်ဆင်ရန်အတွက် ငွေကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ ကြားကောက်ခံနေခြင်းဖြစ်ကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
“ဇွန်လ ကျောင်းစဖွင့်ထဲက တစ်လတစ်ခါခေါင်းစဥ်အမျိုးမျိုးနဲ့ကောက်နေတာ။ တော်ကြာ သန့်ရှင်းရေးလုပ်ဖို့၊ အိမ်သာပြင်ဖို့အစုံပဲ”ဟု ကျောင်းသားမိဘတစ်ဦးက ဧရာ၀တီတိုင်းမ်သို့ ပြောသည်။
ဇူလိူင်လအတွင်းမှာ ကျောင်းမှာ ဆိုလာ တပ်ဆင်ဖို့အတွက်နှင့် အခြားကိစ္စများအတွက်ခေါင်းစဥ်တပ်ကာကျောင်းသား တစ်ဦးကို ငွေကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ ကြားကောက် ခံနေကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
ဧရာ၀တီတိုင်းက မြိုနယ်တစ်ချို့ရှိစာသင် ကျောင်းများတွင် ကျောင်းသားများထံမှ ငွေကြေးကောက်ခံမှုများရှိနေပြီး အချို့ကျောင်းများတွင် ဆရာ၊ဆရာမ မရှိတာကြောင့် ပြင်ပမှ သင်ကြားသူများကို ကျောင်းသားများထံမှ လစဥ်ငွေကောက်ခံပြီးဌားရမ်းသင်ကြားနေကြောင်း သိရှိရသည်။
#ငါးသိုင်းချောင်းမြို့ #စာသင်ကျောင်းတွင်ပိုက်ဆံကောက် #ကျောင်းသားကျောင်းသူ #စစ်ကောင်စီတပ် #Ayeyarwaddy_Times