ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်
အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ အဆုံးသတ်မယ့် ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေး ကြိုးပမ်းမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။
၂၀၂၃ ခုနှစ် အာဆီယံအဖွဲ့ရဲ့ ဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက လာမယ့်သီတင်းပတ်အတွင်း လက်ခံ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာ့အရေးဟာ အဓိက ဆွေးနွေးမယ့် ခေါင်း စဉ်တစ်ခုဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေး နားချဖို့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအား လုံးနဲ့ ထိတွေ့ဆက်ဆံနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။
စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေ တက်ရောက်ခွင့်မပြုတာ မရေရာသောမျှော်လင့်ချက်တစ်ခု သာဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံကပင် အထူးကိုယ်စားလှယ်ရုံးမှတစ်ဆင့် စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေ တယ်လို့ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။
အထူးကိုယ်စားလှယ်ရုံးရဲ့ တာဝန်ရှိသူက စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာဟာ ဒေသတွင်း အစည်းအ ဝေးတွေမှာ စစ်ကောင်စီအဖွဲ့ဝင်တွေကို တက်ရောက်ခွင့်ပိတ်ပင်ဖို့ အာဆီယံအဖွဲ့ရဲ့ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်နဲ့ မကိုက်ညီဘူးလို့ မြန်မာအရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေက အထူးကိုယ်စာလှယ်ရုံး အကြီးအကဲ ငူရာ ဆွာဂျာရာကို ပြောခဲ့ပါတယ်။
မြန်မာအရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေက အထူးကိုယ်စာလှယ်ရုံး အကြီးအကဲ ငူရာဆွာဂျာ ရာနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုကိုယ်တိုင် ပြီးခဲ့တဲ့မေလအတွင်း ဝန်ခံခဲ့ပါတယ်။
“အဓိကစိန်ခေါ်မှုက အာဆီယံနိုင်ငံအများစုက ဒီမိုကရေစီကို စိတ်မဝင်စားပါဘူး။ အာဆီယံနိုင်ငံထက် ဝက်ခန့်က အာဏာရှင်အစိုးရတွေဖြစ်ပြီး ထက်ဝက်လောက်က အပြစ်အနာအဆာရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်ပါ တယ်” လို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုက ဇွန်လနှောင်းပိုင်းမှာ ဆောင်းပါးတစ်ခုအတွင်း ရေးသားခဲ့ပါတယ်။
ကိုးကား – RFA
Ref; Indonesia pushes to implement failed Myanmar peace plan ahead of ASEAN meetings