ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်

ဆီးရီးယားနိုင်ငံအရှေိ့ပိုင်းမှာ အမေရိကန်နိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ISIS ခေါင်း ဆောင် ဆူစမာအဘ်လ်မူဟာဂျာ သေဆုံးခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ဇူလိုင်လ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ISIS ခေါင်းဆောင်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းတစ်စင်းကို ဆီးရီးယားနိုင်ငံအနောက်ပိုင်းမှာ ပျံသန်းနေတဲ့ ရုရှားဂျက်တိုက်လေယာဉ်က နှောင့်ယှက်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြော ပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးတာမရှိခဲ့ဘဲ ထိခိုက်ဒဏ်ရာရရှိမှုကို ချင့်တွက်နေတယ် လို့ CENTCOM က ပြောပါတယ်။

MQ-9 ဒရုန်းသုံးစင်းကို ဆီးရီးယားနိုင်ငံလေပိုင်နက်အတွင်း ရုရှားဂျက်တိုက်လေယာဉ်တစ်စင်းက နှောင့် ယှက်ခဲ့တယ်လို့ CENTCOM တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး အဲလက်ဂရင်းဝစ်ချ်က ပြောပါတယ်။

“ပရော်ဖက်ရှင်နယ် လေတပ်တစ်ခုရဲ့စံနှုန်းနဲ့အညီ ကိုယ့်အလုပ်ကိုလုပ်ဖို့ ရုရှားလေတပ်ဖွဲ့ကို ကျွန်တော် တို့ ဆက်လက်ပြီး တွန်းအားပေးမှာဖြစ်ပါတယ်” လို့ ဒုတိယဗိုလ်ချုပ်ကြီး အဲလက်ဂရင်းဝစ်ချ်က ဆိုပါတယ်။

ဘေးအန္တရာယ်ရှိပြီး ပရော်ဖက်ရှင်နယ်မပီသတဲ့လုပ်ရပ် ပြုမူခဲ့တဲ့ ရုရှားစစ်တပ်နဲ့ပတ်သက်လို့ အမေရိ ကန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီးနောက် အခုလိုဖြစ်စဉ် ဖြစ်ခဲ့တာပါ။

ဆိုမာလီစစ်တပ်ရဲ့ အကူအညီနဲ့ အယ်လ်ရှာဘတ် အကြမ်းဖက်သမားတွေ ထိန်းချုပ်ထားတဲ့ ဝေးလံခေါင် ဖျားဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုသုံးကြိမ် လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်စစ်တပ် အာဖရိကဌာနချုပ် က ပြောပါတယ်။

ကိုးကား – CBS News
Ref; ISIS leader killed by airstrike in Syria, U.S. Central Command says

#Ayeyarwaddy_Times