ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမြို့တွင် ဇူလိုင်လအစပိုင်းမှစတင်ပြီး စစ်ကောင်စီနှင့် ရဲများက ညစဥ် ၁၀ နာရီနောက်ပိုင်း အပြင်ထွက်သည့် ဒေသခံများကို ဖမ်းဆီးကာငွေတောင်းခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်နေကြောင်း သိရှိရသည်။

မိုးတွင်းကာလအတွင်းခရီးသွားဧည့်သည်လာရောက်မှုမရှိသလောက်နည်း နေပြီးညစဥ် စစ်တပ်၊ရဲနဲ့ အုပ်ချုပ်ရေး၊ ပြည့်သူစစ်များ ကင်းလှည့်ကာ ခုလို ည၁၀နာရီကျော် ပါက အရေးယူအပြစ်ပေးမှုများ ပြုလုပ်နေတာဖြစ်ကြောင်းသိရသည်။

“ညမထွက်ရ အမိန့်က ၁၂ အထိ ထုတ်ထားတာ ချောင်းသာကြမှ ဘာဖြစ်တာလဲမသိဘူး အကြောင်းမဲ့ ပြသနာရှာနေတာ ညဘက်ကိစ္စရှိလို့တောင် အပြင်မထွက်ရဲဘူး”ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်သို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က ချောင်းသာကမ်းခြေအမှတ်(၃)ရပ်ကွက်တွင်နေထိုင်သည့် ဦးမောင်နိုင်(ခ)မြင့်စိုး၏နေအိမ်ကိုစစ်ကေင်စီနဲ့ရဲများ၀င်ရောက်ကာလက်ကိုင်ဖုန်းကိုစစ်ဆေးရာမှ အဖမ်းခံလိုက်ရကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

‌ချောင်းသာမြို့တွင် စစ်ကောင်စီတပ်နှင့် ရဲများက ကျေးရွာများရှိ ဒေသခံပြည်သူများကိုလည်း မကြာခဏဆိုသလို စွပ်စွဲဖမ်းဆီးလေ့ရှိကြောင်း ဒေသခံများမှပြောဆိုသည်။

#‌ချောင်းသာမြို့ #ဒေသခံများဖမ်းဆီးခံရ #ညမထွက်ရအမိန့် #ရိုက်နှက်ဖမ်းဆီး #Ayeyarwaddy_Times