ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၁၀ ရက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF စခန်းခွဲတစ်ခုကို ထပ်မံ တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း LLPDF တပ်ဖွဲ့ထံကသိရသည်။

LLPDF စခန်းခွဲ တိုးချဲ့ဖွင့်လှစ်ခြင်း နှင့် အလံတင်အခမ်းအနားကို ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီက လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် ကျင်းပခဲ့ကြောင်းသိရသည်။

“အခု ကျွန်တော်တို့ စခန်းခွဲငယ်တစ်ခုကိုဖွင့်လှစ်လိုက်တာသည် စစ်ရေးအနေအထား အရလိုအပ်ချက်ရှိလို့ပါ။ စစ်ရေးအရှိန်ကို အခုထက် ပိုပြီးတိုးမြှင့်လုပ်ဆောင်သွား ချင်လို့ဖြစ်ပါတယ်” ဟု လောင်းလုံမြို့နယ်ပြည့်သူကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ကိုအုန်းအုန်း က ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါ စခန်းသစ်တိုးချဲ့ဖွင့်လှစ် သည့်အခမ်းအနားတွင် ကျဆုံးခဲ့ပြီးသော အာဇာနည် သူရဲကောင်းတို့အား အလေးပြုခြင်း၊ သစ္စာအဓိဌာန်ပြုခြင်းနှင့် မိန့်ခွန်းပြောကြားခြင်း များပြုလုပ်ခဲ့သည်။

ဓာတ်ပုံ ၊ LLPDF
#တနင်္သာရီတိုင်း #လောင်းလုံးမြို့နယ် #ပြည်သူ့ကွယ်ရေးတပ်ဖွဲ့LLPDF #စခန်းခွဲဖွင့်လှစ် #Ayeyarwaddy_Times