ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများကို ဦးစီအရာရှိအဆင့်ကစတင်ပြီး သေနတ်ထုတ်ပေးထားကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေဖြစ်တဲ့ မြေစာရင်း၊ ငါးလုပ်ငန်းနဲ့ လဝက အပါဝင် အရာရှိဝန်ထမ်း ၇ ဦးကို သေနတ်တွေထုတ်ပေးထားတာဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများမှ ပြောသည်။
” ထုတ်ပေးထားတာသေခြာပါတယ်။ အားလုံးဆို ၇ လက်ထုတ်ပေးထားတာ၊ အဲ့ မြေစာရင်း၊ လဝက၊ ငါးလုပ်ငန်းကတော့သိတယ် ကျန်တဲ့သူတွေကိုမသိဘူး”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်စီတပ်က ခုလိုသေနတ်ထုတ်ပေးတာဟာ မြို့နယ်အဆင့် ဦးစီးအရာရှိတွေကို ရွေးချယ်ထုတ်ပေးတာဖြစ်နိုင်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
မြို့နယ်အဆင့် ဦးစီးအရာရှိ ၇ ဦးကို ဇူလိုင်လဆန်းပိုင်းက စတင်ပြီး သေနတ်တွေထုတ်ပေးခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းဝိုင်းမှ သိရသည်။
ထုတ်ပေးထားသည့် သေနတ်များအားလုံးမှာ ပစ္စတိုသေနတ်များဖြစ်ပြီး စစ်ကောင်စီတပ်က ဇွန်လပိုင်းက စတင်ကာ ရေကြည်မြို့နယ်အတွင်းမှာ ဒေသခံတွေကို စွပ်စွဲဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာကြောင်း သိရသည်။
#ရေကြည်မြို့နယ် #ဦးစီးအရာရှိများ #သေနတ်ထုတ်ပေးထား #ပစ္စတိုသေနတ် #Ayeyarwaddy_Times