ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်

ထိုင်းဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာဟာ ပြန်လည်ရွေးကောက်ခံမှာမဟုတ်ဘဲ နိုင်ငံရေးမှ အနားယူမယ် လို့ သူရဲ့ပါတီက ဇူလိုင်လ ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

ထိုင်းလူမျိုးတွေက စစ်အုပ်ချုပ်ရေးကို ပယ်ချခဲ့တဲ့ မေလအတွင်း ရွေးကောက်ပွဲအပြီး ထိုင်းလွှတ်တော်က ဝန်ကြီးချုပ်သစ်တစ်ဉီး မရွေးချယ်မီ ပရာယွပ်က အခုလို နိုင်ငံရေးက အနားယူမယ်လို့ ကြေညာခဲ့တာပါ။

စစ်တပ်အကြီးအကဲ အသက် ၆၉ နှစ်အရွယ် ပရာယွပ်ဟာ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းယူပြီးနောက် သူ့ ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ကြေညာခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ ပရာယွပ်ရဲ့ပါတီက လွှတ်တော်မှာ အမတ်နေရာအများစု အနိုင်ရရှိကာ အထက်လွှတ် တော်ရဲ့ထောက်ခံမှုနဲ့ ရွေးကောက်ခံခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲမယ့် မူဝါဒတွေကြောင့် ထိုင်းလူငယ်တွေကြား ကြီးမားတဲ့ထောက်ခံမှုရရှိခဲ့တဲ့ Move Forward Party က မေလ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး Pheu Thai ပါတီက ဒုတိယနေရာမှ အနိုင်ရရှိခဲ့ပါ တယ်။

မေလရွေးကောက်ပွဲမှာ သူ့ပါတီက အမတ်နေရာ ၃၆ နေရာသာ အနိုင်ရရှိခဲ့တာကြောင့် ပရာယွပ်အနေနဲ့ နောက်တစ်ကြိမ် ဝန်ကြီးချုပ်သက်တမ်း တာဝန်ထမ်းဆောင်ဖို့ အောက်လွှတ်တော်မှာ လုံလောက်တဲ့ ထောက်ခံ မဲရရှိဖို့ မမျှော်လင့်နိုင်ပါဘူး။

အစိုးရသစ်ဖွဲ့စည်းပြီးချိန်အထိ ပရာယွပ်က ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူမှာဖြစ်ပါတယ်။ အာ ဏာသိမ်းခေါင်းဆောင်မှ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ပရာယွပ်ဟာ အာဏာရှင်စနစ်နဲ့ မညီမျှမှုတွေကြောင့် ဝေဖန်ခံခဲ့ ရပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးနဲ့ စီးပွားရေးကျဆင်းမှုကို မဖြေရှင်းနိုင်မှု၊ ဆွေးမျိုးကောင်းစားရေးဝါဒ၊ ပွင့်လင်းမြင် သာမှုနဲ့ တာဝန်ခံမှု ကင်းမဲ့တာကြောင့် ပရာယွပ်ကို ရာထူးမှနှုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

ပရာယွပ် ရာထူးမှနှုတ်ထွက်တာဟာ စစ်အစိုးရရှုံးနိမ့်တာနဲ့ ဒီမိုကရေစီထောက်ခံသူတွေ အနိုင်ရတာဖြစ် တယ်လို့ ချူလာလောင်ကွန်တက္ကသိုလ် လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေးအင်စတီကျု့မှ နိုင်ငံရေးသိပ္ပံပညာ ရှင်နဲ့ ညွှန်ကြားရေးမှူး သစ်တီနန်ပေါင်ဆုဒီရတ်ခ်က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ စီးပွားရေးတုံ့ဆိုင်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ နိုင်ငံတကာရဲ့ရပ်တည်ချက်ကျဆင်းတဲ့ လက္ခဏာတွေ ကြုံတွေ့ခဲ့ရပါတယ်။

ပရာယွပ်ချန်အိုချာ နိုင်ငံရေးမှ အနားယူတော့မှာဖြစ်တာကြောင့် ရွေးကောက်ပွဲအနိုင်ရ Move Forward Party ခေါင်းဆောင် ပီတလင်ဂျာရိုရတ်အနေနဲ့ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်တော့မှာဖြစ်ပါတယ်။

ကိုးကား – CNN
Ref; Thailand’s Prime Minister Prayut Chan-o-cha announces retirement from politics

#Ayeyarwaddy_Times