ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်

တွစ်တာရဲ့ပြိုင်ဘက် အမေရိကန် နည်းပညာကုမ္ပဏီကြီး Meta ရဲ့ လူမှုကွန်ရက် အပလီကေးရှင်းသစ် တစ်ခုဖြစ်တဲ့ Threads ဟာ ငါးရက်အတွင်း မှတ်ပုံတင်အသုံးပြုသူ သန်း ၁၀၀ အထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။

Meta ရဲ့ စီအီးအိုဖြစ်တဲ့ မတ်ခ်ဇူကာဘတ်ဂ်က ဇူလိုင်လ ၁၀ ရက်မှာ အသုံးပြုသူ သန်း ၁၀၀ ပြည့်တဲ့ သ မိုင်းမှတ်တိုင်အကြောင်း Threads ပို့စ်တစ်ခုမှာ ကြေညာခဲ့ပါတယ်။

လူတွေက Threads ကို မြန်မြန်ဆန်ဆန် အသုံးပြုလာတာ၊ အသုံးပြုသူတိုးလာတာနဲ့ပတ်သက်လို့ သူ့အ နေနဲ့ အံ့အားသင့်ရတယ်လို့ မတ်ခ်ဇူကာဘတ်ဂ်က ပြောပါတယ်။

လူမှုကွန်ရက် Threads စတင်အသုံးပြုနိုင်ပြီလို့ Meta က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပြီး ဂျပန်အပါ အဝင် ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်မှာ အသုံးပြုနိုင်ပြီလို့ ဆိုပါတယ်။

Threads ဟာ နှစ်လအတွင်း အသုံးပြုသူ သန်း ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ChatGPT ကို ချိုးဖျက်ကာ သမိုင်း မှာ အခြားလူမှုကွန်ရက်တွေထက် အသုံးပြုသူ သန်း ၁၀၀ အမြန်ဆုံးပြည့်ခဲ့တဲ့ လူမှုကွန်ရက်ဖြစ်လာခဲ့တယ်လို့ အ မေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

နာမည်ကျော် ရုပ်သံအပလီကေးရှင်းတစ်ခုဖြစ်တဲ့ TikTok ဟာ အသုံးပြုသူ သန်း ၁၀၀ ပြည့်ဖို့ အချိန် ၉ လ ကြာမြင့်ခဲ့သလို Meta ရဲ့ အင်စတာဂရမ်က အသုံးပြုသူ သန်း ၁၀၀ ပြည့်ဖို့ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။

တွစ်တာကတော့ Threads ကို ဉပဒေပိုင်းဆိုင်ရာ အရေးယူမှုပြုလုပ်မယ်လို့ ပြောပါတယ်။ Meta က Threads ကို တီထွင်ဖို့ လျှို့ဝှက်ချက်တွေ၊ အသိဉာဏမူပိုင်ခွင့်ကို တရားမဝင် အသုံးပြုခဲ့တယ်လို့ တွစ်တာက ပြော ပါတယ်။

ကိုးကား – NHK
Ref; Meta’s Twitter rival Threads hits 100 million users

#Ayeyarwaddy_Times