ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်
ရုရှားကြေးစားတပ်ဖွဲ့ ဝဂ္ဂနာအဖွဲ့ခေါင်းဆောင် ယက်ဂျီနီပရီဂိုဇင်ဟာ ရုရှားနိုင်ငံမှာ ပြန်ရောက်နေပြီလို့ ဘီလာရုဇ်သမ္မတ လူကာရှန်ကိုက ပြောကြားလိုက်ပါတယ်။
ပရီဂိုဇင်ဟာ ဘီလာရုဇ်နိုင်ငံမှာ ရောက်နေပြီလို့ သမ္မတ လူကာရှန်ကိုက ပြီးခဲ့တဲ့လအတွင်း ပြောကြားခဲ့ ဖူးပါတယ်။
လူကာရှန်ကိုဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဘီလာရုဇ်သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ပရီဂိုဇင်ဟာ စိန့်ပီတာစဘတ်ဂ်မြို့မှာရှိနေ သို့မဟုတ် မော်စကိုမြို့တော် သို့မဟုတ် အခြားတစ်နေရာသို့ ရွှေ့ပြောင်းခဲ့ဖွယ်ရှိပြီး ဘီလာရုဇ်နိုင်ငံမှာ မရှိဘူးလို့ လူကာရှန်ကိုက ပြောပါတယ်။
ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဝင်တွေဟာ ဘီလာရုဇ်နိုင်ငံရှိ အမြဲတမ်း စစ်ဘက်အခြေစိုက်စခန်းတွေမှာ ရှိနေကြ တယ်လို့ လူကာရှန်ကိုက ပြောပါတယ်။
ဝဂ္ဂနာကြေးစားတပ်ဖွဲ့က ဇွန်လ ၂၄ ရက်မှာ လက်နက်ကိုင်ပုန်ကန်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် လူကာရှန်ကို က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ပရီဂိုဇင်တို့ကြား သဘောတူညီချက်တစ်ရပ်ရရှိအောင် ကြားဝင်စေ့စပ်ပေးခဲ့ပါ တယ်။
ပရီဂိုဇင်က ဘီလာရုဇ်နိုင်ငံမှာရှိနေပြီး သူ့နိုင်ငံက ဝဂ္ဂနာတပ်ဖွဲ့ဝင်တွေကို လက်သင့်ခံလိုတယ်လို့ ဇွန်လ ၂၇ ရက်မှာ လူကာရှန်ကိုက ကြေညာခဲ့ပါတယ်။
ကိုးကား – NHK
Ref; Wagner leader Prigozhin is back in Russia, Belarus President Lukashenko says
#Ayeyarwaddy _Times