ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်
ရုရှားတပ်ဖွဲ့တွေအပေါ် တန်ပြန်ထိုးစစ်ဆင်နေတဲ့ ယူကရိန်းသို့ ကလပ်စတာဗုံးတွေ ထောက်ပံ့မယ်လို့ အ မေရိကန်အစိုးရက ဇူလိုင်လ ၇ ရက်မှာ ကြေညာခဲ့ပါတယ်။
ကလပ်စတာဗုံးဆိုသည်မှာ ပေါက်ကွဲမှုအား ပြင်းထန်ကာ အရပ်သားတွေအတွက် တာရှည်အန္တရာယ် ဖြစ် စေတာကြောင့် နိုင်ငံတကာစာချုပ်နဲ့ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။ အမေရိကန်၊ ရုရှားနဲ့ ယူကရိန်းတို့က အ ဆိုပါစာချုပ်မှာ ပါဝင်ခြင်းတော့မရှိပါဘူး။
ယူကရိန်းသို့ ကလပ်စတာဗုံးတွေထောက်ပံ့ဖို့ ဆုံးဖြတ်ချက်ချရတာ မလွယ်ကူဘူးလို့ အမေရိကန် အမျိုး သားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလေဗန်က မနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ကလပ်စတာဗုံးတွေက အရပ်သားတွေကို အန္တရာယ်ပေးတယ်ဆိုတာ အမေရိကန်နိုင်ငံက အသိအမှတ်ပြု ပြီး ရုရှားတပ်ဖွဲ့တွေက ယူကရိန်းပိုင်နက်တွေကို ပိုပြီး သိမ်းပိုက်ကာ ပြည်သူတွေကို ထိခိုက်စေတာကြောင့် အခု လို ကလပ်စတာဗုံးတွေ ထောက်ပံ့ရတာလို့ သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ ပေါက်ကွဲမှုနှုန်း မပြင်းထန်တဲ့ ကလပ်စတာဗုံးတွေ ပေးပို့မယ်လို့ ဂျိတ်ခ် ဆူလေဗန်က ပြောပါတယ်။
အမေရိကန်နိုင်ငံက အပြီးသတ် မဆုံးဖြတ်ခင် မဟာမိတ်နိုင်ငံတွေနဲ့ အနီးကပ် တိုင်ပင်ဆွေးနွေးခဲ့ပြီး စာ ချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံအချို့ကပင် အမေရိကန်နိုင်ငံရဲ့ဆုံးဖြတ်ချက်ကို နားလည်တယ်လို့ အရိပ်အ မြွက်ပြောခဲ့တယ်လို့ သူက ဆိုပါတယ်။
ရုရှားစစ်တပ်ဟာ စစ်မြေပြင်မှာ ကလပ်စတာဗုံးတွေ အသုံးပြုနေပြီး ယူကရိန်းနိုင်ငံရဲ့ တန်ပြန်ထိုးစစ်ဆင် မှုအတွက် အဆိုပါဗုံးတွေ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံက ပြောကြားခဲ့ပါတယ်။
ကလပ်စတာဗုံးတွေကို ယူကရိန်းနိုင်ငံမှာ အသုံးမပြုသင့်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ ကလပ်စတာဗုံးတွေ ထောက်ပံ့မယ့်ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်ရှိတယ်လို့ ယူကရိန်း သမ္မတ ဇီလန်စကီးက တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ အောင်ပွဲရရှိရေးအတွက် အကူအညီပေးတဲ့ အမေရိကန်ပြည်သူတွေနဲ့ သမ္မတ ဂျိုးဘိုင်ဒင် ကို ကျေးဇူးတင်ရှိတယ်လို့ ဇီလန်စကီးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူက အမေရိ ကန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
အန်တိုနီယိုဂူတာရက်စ်က ကလပ်စတာဗုံးတွေ အသုံးပြုတာကို ပိတ်ပင်တဲ့ ကွန်ဗင်းရှင်းကို ထောက်ခံပြီး စစ်မြေပြင်မှာ ကလပ်စတာဗုံးတွေ အသုံးပြုတာကို ဆန့်ကျင်တယ်လို့ ဖာဂန်ဟတ်က ပြောပါတယ်။
ကိုးကား – NHK
Ref; US announces provision of cluster munitions to Ukraine