
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဇူလိုင်လ ၈ ရက်
မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မရှိန်းလှော်ကျေးရွာအုပ်စု၊ ဝုမ်းခုန်ရွာကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးခဲ့ကြောင်းမင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
စစ်ကောင်စီက စာသင်ကျောင်းအနီးအနားတဝှိုက်ကို ဂျက်လေယာဥ်ဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ပြီး လူနေအိမ် ၁၀ လုံးပျက်စီးသွားကြောင်းလည်းသိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ကိုး နှစ်အရွယ်ကလေးငယ်ငယ်တစ်ဦး၊ အသက် ၂၈နှစ်နှင့် အသက် ၆၅နှစ်အရွယ်ရှိ အမျိုးသမီးနှစ်ဦးတို့ ၎င်းနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကာ အသက် ၅၀အရွယ် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့အပြင် မင်းတပ်အခြေစိုက်ခလရ ၂၇၄ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်။
Photo-စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော အရပ်သားပြည်သူများနှင့် ပျက်စီးသွားသော နေအိမ်များ။
#မင်းတပ်မြို့ #စစ်ကောင်စီက #လေကြောင်းတိုက်ခိုက်မှု #ကလေးငယ်တစ်ဦးအပါအဝင် #ဒေသခံ၃ဦးသေဆုံး
#Ayeyarwaddy_Times