ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်

လေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ အမေရိကန် သူလျှိုလေယာဉ်တစ်စင်းကို ပစ်ချမယ်လို့ မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်လိုက်ပါတယ်။

အခုလိုဖြစ်စဉ်ဟာ မကြာသေးမီလတွေအတွင်း မြောက်ကိုရီးယားနိုင်ငံရဲ့ နောက်ဆုံးအကြိမ် ခြိမ်းခြောက် မှုဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက မြောက်ကိုရီးယားလေပိုင်နက်အတွင်း ရန်စတဲ့ လေကြောင်းပျံသန်းမှုတွေ ပြု လုပ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲလိုက်ပါတယ်။

“အရှေ့ပင်လယ်မှာ အမေရိကန်သူလျှိုလေယာဉ်တစ်စင်းက မြောက်ကိုရီးယားလေပိုင်နက်အတွင်း ကီလို မီတာဆယ်ချီပြီး အကြိမ်ပေါင်းများစွာ ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်” လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဉီး က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

“အရှေ့ပင်လယ်အတွင်း အမေရိကန် ဗဟာဗျူဟာမြောက် သူလျှိုလေယာဉ်ကို မပစ်ချဘူးလို့ အာမမခံပါ ဘူး” လို့ အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်သို့ နျူကလီးယားရေငုပ်သင်္ဘောတစ်စင်း စေလွှတ်တဲ့ အစီအစဉ်တွေနဲ့ပတ်သက်လို့ မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံကို ရှုတ်ချခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု တစ်ခုလို့ ပြောဆိုလိုက်ပါတယ်။

ကိုရီးယားရေပိုင်နက်အတွင်း တိုမာဟော့ခ်ဒုံးကျည် ၁၅၀ အထိ သယ်ဆောင်နိုင်တဲ့ နျူကလီးယားစွမ်း အင်သုံး ရေငုပ်သင်္ဘော USS Michigan ကို အမေရိကန်နိုင်ငံက စေလွှတ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့လုပ်ရပ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံက မကြာသေးမီလတွေအ တွင်း ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်တာကြောင့် ဒေသတွင်း တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့လအတွင်း တောင်ကိုရီးယားနိုင်ငံမှာပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ကိုရီးယားကျွန်းဆွယ်သို့ နျူကလီးယားဗုံး သယ်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဉ်တွေ စေလွှတ်ခဲ့ပါတယ်။

ကိုးကား – The Telegraph
Ref; North Korea threatens to shoot down US reconnaissance aircraft

#Ayeyarwaddy_Times