ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်

ရုရှားကျူးကျော်စစ်စတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဒီနှစ် မေလနှောင်းပိုင်းအထိ ကျဆုံးခဲ့တဲ့ ရုရှား တပ်ဖွဲ့ဝင်အရေအတွက်ဟာ အကြမ်းဖျင်းအားဖြင့် ၄၇၀၀၀ အထိ ရှိလာခဲ့ပြီလို့ ရုရှားနိုင်ငံရှိ လွတ်လပ်တဲ့ မီဒီယာ အဖွဲ့အစည်းတွေက ဖော်ပြပါတယ်။

ယူကရိန်းစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ ရုရှားတပ်ဖွဲ့ဝင်အရေအတွက်ဟာ အာဖဂန်နစ္စတန်က ၁၀ နှစ်ကြာစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ ဆိုဗီယက်တပ်ဖွဲ့ဝင်အရေအတွက်ထက် သုံးဆပိုများတယ်လို့ Meduza နဲ့ Mediazone မှ သတင်း ထောက်တွေက ပြောပါတယ်။

ယူကရိန်းစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကို ခန့်မှန်းတွက်ချက်ဖို့ အဆိုပါသတင်းထောက်တွေ ဟာ တက္ကသိုလ်တစ်ခုမှ စာရင်းအင်းပညာရှင်တစ်ဉီးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ယူကရိန်း အထူးစစ်ဆင်ရေးအတွင်း တပ်ဖွဲ့ဝင် ၅၉၃၇ ဉီး ကျဆုံးခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာ လအတွင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပြီးနောက်ပိုင်း ကျဆုံးတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက် တဲ့ တရားဝင်ကြေညာချက် မထုတ်ပြန်ခဲ့ပေ။

ရုရှားအာဏာပိုင်တွေဟာ ယူကရိန်းကျူးကျော်စစ်နဲ့ ရုရှားနိုင်ငံအတွက် ကုန်ကျစရိတ် များပြားလာတာ ကို ဖုံးကွယ်ဖို့ မမောမပန်း ကြိုးပမ်းခဲ့ရတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ၁၇ လအတွင်း ရုရှားစစ်တပ်ဟာ တစ်ရက်လျင် တပ်ဖွဲ့ဝင် ၄၀၀ ခန့် အကြမ်းဖျင်း ဆုံးရှုံးခဲ့ရတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၀ ရက်မှာ ပြောကြားခဲ့ပါ တယ်။

ရုရှားနိုင်ငံရှိ စစ်ဆေးရုံတွေမှာ ဒဏ်ရာရရှိတဲ့အရာရှိ၊ စစ်သည်တွေနဲ့ ပြည့်နှက်နေတယ်လို့ ဗြိတိန် ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု များပြားတာကြောင့် ရုရှားအရပ်ဘက်ဆေးရုံတွေ အထူးသဖြင့် ယူ ကရိန်းအနီးရှိ နယ်စပ်ဒေသတွေမှာ ရုရှားပြည်သူတွေိကို ကျန်းမာရေးစောင့်ရှောက်မှု မပြုလုပ်နိုင်တော့ဘူးလို့ သိ ရပါတယ်။

ကိုးကား – NHK
Ref; Russian independent media: 47,000 Russian soldiers killed in Ukraine invasion

#Ayeyarwaddy_Times