နွေဦးမောင် /ဧရာဝတီတိုင်းမ်
မုံရွာ ၊ ဇူလိုင်လ ၁၁ ရက်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မအူချောင်းကျေးရွာအား ဇူလိုင်လ ၉ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံကသိရသည်။

“တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ မီးတင်ရှို့သွားတဲ့ အတွက် လူနေအိမ် (၁၅)လုံးခန့် မီးလောင်ပြာကျသွားတယ်။ ရွာအနောက်ဘက်ရှိ ကွမ်းခြံများကိုပါ မီးရှို့သွားတယ်” လို့ ဒေသခံအမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါမီးရှို့ မှုများ ပြုလုပ်ပြီးနောက် ဒေသခံများ မွေးမြူထားသည့် ဝက်နှင့် နွားများကို ဖမ်းဆီးယူဆောင် သွားပြီး လက်ရှိတွင် စစ်ကောင်စီတပ်သားများ ရွာအနီးတဝိုက်တွင် ရှိနေသေးသည့် အတွက် ရွာသားများ ရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ခြင်း မပြုလုပ်သေးပဲ ဘေးလွတ်ရာတွင် ရှောင်တိမ်းနေထိုင်နေရကြောင်း သိရသည်။

ဓာတ်ပုံ-မအူချောင်းကျေးရွာ မီးရှို့ခံရသည့် မြင်ကွင်း
#မုံရွာမြို့နယ်# မအူချောင်းကျေးရွာ# စစ်ကောင်စီတပ်# လူနေအိမ်များကို မီးရှို့ #Ayeyarwaddy_Times