ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်
ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း Move Forward Party ခေါင်းဆောင် ပီတလင်ဂျာရိုရတ်က ရွေး ကောက်ပွဲဥပဒေကို ချိုးဖောက်ခဲ့တဲ့ အထောက်အထားတွေ့ရှိတာကြောင့် အဆုံးအဖြတ်ခံယူဖို့ ဖွဲ့စည်းပုံဆိုင်ရာခုံ ရုံးသို့ အမှုကို လွှဲပြောင်းပေးခဲ့တယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က ပြောကြားလိုက်ပါတယ်။
ဆုံးဖြတ်ချက်ချမှတ်ချိန်အထိ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ပီတကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်ဆိုင်း နိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဆုံးဖြတ်ချက်မချရသေးတာကြောင့် အခြေခံမူအားဖြင့် ဝန်ကြီးချုပ်သစ်တစ်ဉီး ရွေးကောက်မယ့် လွှတ်တော်က ပီတကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုနိုင်တော့မှာမဟုတ်ပါဘူး။
မေလအတွင်းပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ Move Forward Party က ပမထမနေရာမှ အနိုင်ရ ရှိကာ လွှတ်တော်ကိုယ်စားလှယ် ၅၀၀ ရှိတဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ၁၅၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။
Move Forward Party က အစိုးရသစ်တစ်ရပ်ဖွဲ့စည်းဖို့ အခြားပါတီရှစ်ခုနဲ့ ညွန့်ပေါင်းအဖွဲ့အဖြစ် ပူး ပေါင်းခဲ့ရာ အမတ်နေရာ ၃၁၂ နေရာအထိ ရရှိခဲ့ပါတယ်။
သို့သော်လည်း ပီတ ဝန်ကြီးချုပ်ဖြစ်ရေး မဲဆန္ဒပြုရွေးချယ်ရာမှာ ရှေးရိုးစွဲ အထက်လွှတ်တော်အမတ် ၂၅၀ ရဲ့ မဲပေးရွေးချယ်ဖို့လည်း လိုအပ်ရာ သူအနေနဲ့ ဝန်ကြီးချုပ်ဖြစ်ဖို့ အခက်အခဲတွေရှိနေပြန်ပါတယ်။
မီဒီယာကုမ္ပဏီတစ်ခုမှာ အစုရှယ်ယာတွေပိုင်ဆိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြိုင်ဘက်ပါတီတစ်ခုမှ လွှတ်တော်အမတ်တစ်ဉီးက ပီတကို ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
ပီတက မေလရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံဖို့ အရည်အချင်းမပြည့် မီရင် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကာ ရွေးကောက်ပွဲသစ်ကျင်းပရမယ်လို့ အိမ်စောင့်အစိုးရ ဒုတိယဝန်ကြီး ချုပ် ဝစ်ဆာနူက ပြောပါတယ်။
အာဏာရပါတီက အာဏာဆက်ထိန်းနိုင်ဖို့ အတိုက်အခံတွေအပေါ် ညစ်ပတ်တဲ့နည်းလမ်း အသုံးပြုမှာကို ထိုင်းပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။
ကိုးကား – AP
Ref; Thailand’s Election Commission says top candidate for prime minister may have broken election law