နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ရက်
စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကို မုံရွာမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မုံရွာခရိုင် အမှတ် တပ်ရင်း (၅)တို့မှ တာဝေးပစ် ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ကသိရသည်။
စစ်ကောင်စီ၏ နမခ တိုင်းရုံးကို ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စတင်၍ ၁၀၇-မမ ဗုံးသီး သုံးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု့အခြေအနေကို စုံစမ်းနေကြောင်း မုံရွာမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
မုံရွာမြို့နယ်ရှိ နမခ တိုင်းရုံးမှ စစ်ကောင်စီတပ်သည် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် စစ်ကြောင်း ထိုးလှည့်လည်ခြင်းများ ပြုလုပ်နေပြီး ဒေသခံများကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ တော်လှန်ရေးတပ်ဖွဲ့များမှ ဒုံးနဲ့ပစ်ခတ်နေစဉ်
#မုံရွာမြို့နယ် #နမခတိုင်းရုံး #ရှော့တိုက်ဒုံး #Ayeyarwaddy_Times