သတင်း

ဧရာဝတီတိုင်းမ်ဒီဇင်ဘာ ၃၀ ရက်အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံအပြီးမှာ ရုရှား သမ္မတ ဗလာဒီမာပူတင်နဲ့ ဖုန်းမှတစ်ဆင့် စကားပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရမ့်နဲ့ ဇီလန်စကီးတို့ဟာ ရုရှားကျူးကျော်စစ်...
စစ်အုပ်စု၏ တစ်ဖက်သပ်ရွေးကောက်ပွဲသည် ရှီကျင့်ဖျင်နှင့် စစ်ခေါင်းဆောင်တို့၏ သဘောတူညီမှုဟု တရုတ်အထူးကိုယ်စားလှယ်ပြော ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၃၀ ရက် မြန်မာနိုင်ငံတွင် ကျင်းပနေသည့် စစ်အုပ်စု၏ တစ်ဖက်သပ် ရွေးကောက်ပွဲသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အကြား ထားရှိသည့် သဘောတူညီမှု ဖြစ်ကြောင်း နေပြည်တော်သို့ ရောက်ရှိနေသည့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းက ပြောကြား လိုက်သည်။ ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်သူများ၏ မှတ်ချက်ပေးပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းက ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ “ရွေးကောက်ပွဲတွေ ဖော်ဆောင်တယ်ဆိုတာ ကျွန်တော်တို့ သမ္မတကြီး ရှီကျင့်ဖျင်နဲ့ မြန်မာနိုင်ငံ ယာယီသမ္မတကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြားမှာ ထားရှိတဲ့ သဘောတူညီမှု ဖြစ်ပါတယ်။ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို အမြဲတမ်း ကူညီပေးရန် အသင့်ရှိနေပြီး နှစ်နိုင်ငံကြား ဖွံ့ဖြိုးတိုးတက်မှုများ ရရှိအောင် ဆက်လက်လုပ်ဆောင်သွားလိုကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။ တရုတ်အစိုးရသည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အတိအလင်း ထောက်ခံနေသကဲ့သို့ တစ်ဖက်တွင်လည်း နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် စစ်ကော်မရှင်အား တော်လှန်နေသည့် မြောက်ပိုင်း ညီနောင်မဟာမိတ်များအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိအားပေးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ လက်ရှိတွင် တရုတ်အစိုးရ၏ ကြားဝင်ဖိအားပေးမှုများကြောင့် စစ်ရေးအရ အထိနာနေသော စစ်ကော်မရှင်သည် နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းတွင် ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ကျင်းပရန် လုပ်ဆောင်လာခြင်းဖြစ်သည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်နှင့် တရုတ်သမ္မတတို့သည် သုံးကြိမ်ထက်မနည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် နိုင်ငံသားများအား ကာကွယ်ပေးရန် သဘောတူညီမှုများ ရရှိထားသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးကာ အတိုက်အခံ ပါတီများကို ဖျက်သိမ်း၍ ပြုလုပ်နေသော စစ်အုပ်စု၏ ရွေးကောက်ပွဲကို အတုအယောင်အဖြစ် ပြည်တွင်းပြည်ပမှ ကန့်ကွက်နေကြသော်လည်း တရုတ်အစိုးရကမူ တရားဝင် အသိအမှတ်ပြုထားသည်။ ဓာတ်ပုံ-MOI

ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၃၀ ရက်   မြန်မာနိုင်ငံတွင် ကျင်းပနေသည့် စစ်အုပ်စု၏ တစ်ဖက်သပ် ရွေးကောက်ပွဲသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အကြား...
ဧရာဝတီတိုင်းမ်ဒီဇင်ဘာ ၃၀ ရက်ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် မဲရုံစောင့်ရန် ရောက်ရှိနေသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များနှင့် ရဲများကို ရပ်ကွက်နေ ဘေးတွဲဆိုင်ကယ် ကယ်ရီသမားများက ညအိပ်ကင်းစောင့်၍ လုံခြုံရေးယူပေးခဲ့ရကြောင်း...
ဧရာဝတီတိုင်းမ်ဒီဇင်ဘာ ၃၀ ရက်ကမ္ဘောဒီးယားနိုင်ငံဟာ ထိုင်းပိုင်နက်ထဲ ဒရုန်း ၂၅၀ စင်းကျော် ပျံသန်းပြီး မကြာသေးမီက လက် မှတ်ရေးထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့...
ဧရာဝတီတိုင်းမ်ဒီဇင်ဘာ ၃၀ ရက်မြန်မာစစ်တပ်ဉီးဆောင်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ဆက်စေပြီး တည်ငြိမ်မှု ပြန်လည်ရရှိစေဖို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံက ထုတ်ဖော်ပြောခဲ့ပြီး ရွေး ကောက်ပွဲကို...
ဧရာဝတီတိုင်းမ် (ဖလမ်း)၊ဒီဇင်ဘာ ၂၉ ရက်   ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဖီရ်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့သဖြင့် လူနေအိမ် ၂၀...
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၂၉ ရက်   အာဏာသိမ်း စစ်ကော်မရှင်၏ အတု‌အယောင် ရွေးကောက်ပွဲ အပိုင်း ၁ တွင်ပါဝင်သည့် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင်...
ဧရာဝတီတိုင်းမ်(ဖာပွန်)၊ ဒီဇင်ဘာ ၂၉ ရက်ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကော်မရှင်က အင်အားအများအပြားဖြင့်အထိုင်ချထားသည့် ဖာပွန်ဗျူဟာစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့ကစတင်ကာ တဖန်ပြန်လည်...