ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်

လက်ဘနွန်၊ မြန်မာနဲ့ တောင်ဆူဒန်နိုင်ငံတွေက ကလေးငယ် ၃၀၀,၀၀၀ ကျော်အတွက် ဒေါ်လာ ၅၂ သန်း ထောက်ပံ့မယ်လို့ ကုလသမဂ္ဂ အရေးပေါ်ပညာရေးရန်ပုံငွေအဖွဲ့ (ECW) က နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ကလေးတွေ ကျောင်းပြန်တက်နိုင်ဖို့၊ ပျောက်ဆုံးသွားတဲ့ သင်ယူမှုတွေ ပြန်ဖြည့်နိုင်ဖို့နဲ့ အနာဂတ် အရေးပေါ်အခြေအနေတွေမှာ ပညာဆက်သင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ECW ညွှန်ကြားရေးမှူး မေဆာ ဂျယ်ဘောက်က ဂျီနီဗာမြို့မှာ ပြောပါတယ်။

ပဋိပက္ခတွေ၊ ရေကြီးမှုတွေနဲ့ နေရပ်စွန့်ခွာရမှုတွေကြောင့် ပညာရေး ထိခိုက်နေတဲ့ ကလေး ၂၅၈ သန်းအတွက် ပညာသင်ခွင့်ဟာ နေ့စဉ် ချိုးဖောက်ခံနေရတယ်လို့ ၎င်းက ဆိုပါတယ်။

ရန်ပုံငွေ ခွဲဝေမှုမှာ လက်ဘနွန်က ကလေး ၅၉,၀၀၀ ခန့်အတွက် ဒေါ်လာ ၁၃ သန်း၊ မြန်မာက ကလေး ၁၅၀,၀၀၀ ကျော်အတွက် ဒေါ်လာ ၁၆ သန်းနဲ့ တောင်ဆူဒန်က ကလေး ၁၀၀,၀၀၀ ကျော်အတွက် ဒေါ်လာ ၂၃ သန်း ပါဝင်ပါတယ်။

အနာဂတ်မှာ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ သတိပေးချက်တွေအတွက် ဒေါ်လာ ၅ သန်းကျော်ကို အတည်ပြုထားပါတယ်။

ဘေးအန္တရာယ် ကျရောက်ပြီးတိုင်းမှ ပညာရေးအတွက် ငွေထောက်ပံ့နေတဲ့ အလေ့အထကို ကျော်လွန်ဖို့ လိုအပ်နေပြီလို့ ဂျယ်ဘောက်က ပြောပါတယ်။

ဂျီနီဗာ ဆွေးနွေးပွဲမှာ အလှူရှင်တွေကြောင့် ECW ရဲ့ ဒေါ်လာ သန်း ၆၀၀ ရန်ပုံငွေ ပစ်မှတ်ဟာ ၉၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့ပါတယ်။

တခြား အကျပ်အတည်းသင့် နိုင်ငံတွေက ကလေးတွေကို ကူညီနိုင်ဖို့ နောက်ထပ် ဒေါ်လာ ၅၈ သန်း လိုအပ်နေသေးတယ်လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။

ဒီအစီအစဉ်တွေဟာ အရေးပေါ်ကာလမှာ ပညာရေး မပြတ်တောက်စေဖို့နဲ့ ကလေးတွေရဲ့ အနာဂတ်ကို ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။

News: Anadolu Agency
Ref; UN education fund announces $52M for children in Lebanon, Myanmar, South Sudan